နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ အထူးကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကမ္ဘောဒီးယားဝန်ကြီးချုပ်အား သွားရောက်တွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၂  ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ပါသည်။

အထူးကိုယ်စားလှယ်သည် ဖနောင်ပင်မြို့သို့ ရောက်ရှိစဉ် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ် တော်ဥက္ကဋ္ဌ ဆမ်ဒတ် အာခါ မိုဟာ ဆီနာပါတိုင်းတဲ့ချိုဟွန်ဆန်ကို အထက်လွှတ်တော်၌ လည်း ကောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒတ် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်ကို ငြိမ်းချမ်းရေး နန်းတော်၌လည်းကောင်း သွားရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံတူညီဆန္ဒ(၅)ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင် အထည်ဖော် ဆောင်ရွက်မှုများနှင့် နိုင်ငံတွင်း တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် ကြိုတင် ပြင်ဆင်လျက်ရှိသည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင်  နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ခရီးသွားလာမှု၊ ချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုကဏ္ဍများ အပါအဝင် နှစ်ဖက် အပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အလားအလာများ၊ ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးနှင့် ၂၀၂၅ ခုနှစ်တွင် ကျရောက် မည့် နှစ် (၇၀) ပြည့် သံတမန်ဆက်ဆံရေးထူထောင်သည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပ ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၈-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူးကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင် ကမ္ဘောဒီးယား နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ကို သွားရောက်တွေ့ဆုံခဲ့။
  • တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံတူညီဆန္ဒ(၅)ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အ ကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် နိုင်ငံတွင်း တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပ ရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်များကို ရှင်းလင်းပြောကြားခဲ့၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ် ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ခရီးသွားလာမှု၊ ချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုကဏ္ဍများ အပါ အဝင် နှစ်ဖက်အပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အလား အလာများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး တို့အား ဆွေးနွေးခဲ့။

Add new comment