ဇူလိုင်လလယ်ခန့်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် သီလဝါဆိပ်ကမ်းဒေသရှိ Terminal များ၏ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများ အနည်းငယ်နှောင့်နှေးကြန့်ကြာခြင်း၊ လမ်းခရီးအခြေအနေများအရ အချို့ဒေသများသို့ ဆီတင်ယာဉ် ရောက်ရှိရန် အချိန်အနည်းငယ်ကြန့်ကြာခြင်းတို့ကြောင့် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အရောင်းဆိုင်အချို့တွင် ဆီတင်ယာဉ်မရောက်မီ စက်သုံးဆီ အမယ်အချို့ ယာယီပြတ်လပ်မှု မဖြစ်ပေါ်စေရေး စနစ်တကျ စိစစ်ထိန်းသိမ်းရောင်းချစေလျက် ရှိပါသည်။
လတ်တလောဖြစ်ပေါ်နေသော အခြေအနေများအရ လိုအပ်ပါက Urgent အစီအစဉ်ဖြင့် ဖြည့်တင်းပေးခြင်း၊ ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်သိမ်းထားသော အရောင်းဆိုင်များသို့ ပေးပို့ နေသည့် စက်သုံးဆီများအား လိုအပ်သည့်အရောင်းဆိုင်များသို့ ရွှေ့ပြောင်းချယူစေခြင်း၊ ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရန်နှင့် ပြတ်လပ်မှုမရှိစေရန်အတွက် သီလဝါဆိပ်ကမ်းဒေသရှိ သိုလှောင်ကန် စခန်းများ၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီဖူလုံစွာသုံးစွဲ နိုင်ရေး ကြိုတင် သိုလှောင်ဖြန့်ဖြူးခြင်းနှင့် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများစဉ်ဆက်မပြတ်ဝင်ရောက်ရန် စီမံ ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် မကြာမီစက်သုံးဆီပြတ်လပ်မည်ဆိုသည့် Online Media သတင်းအမှားများနှင့် ပြင်ပကောလာဟလ သတင်းများကြောင့် လိုအပ်သည်ထက်ပိုမို ဝယ်ယူခြင်း၊ သိုလှောင်ခြင်းမပြုလုပ်ရန်နှင့် အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် ရောင်းချ မပေးခြင်းမျိုးမပြုလုပ်ကြစေရေး စနစ်တကျကြပ်မတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၈-၂၀၂၄)
- စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရန်နှင့် ပြတ်လပ်မှုမရှိစေရန်အတွက် သီလဝါဆိပ်ကမ်းဒေသရှိ သိုလှောင်ကန် စခန်းများ၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး ကြိုတင် သိုလှောင်ဖြန့်ဖြူးခြင်းနှင့် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများစဉ်ဆက်မပြတ်ဝင်ရောက်ရန် စီမံ ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ။
- အများပြည်သူများအနေဖြင့် မကြာမီစက်သုံးဆီပြတ်လပ်မည်ဆိုသည့် Online Media သတင်း အမှားများနှင့် ပြင်ပကောလာဟလ သတင်းများကြောင့် လိုအပ်သည်ထက်ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ခြင်းမပြုလုပ်ရန်နှင့် အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်း မျိုးမပြုလုပ်ကြစေရေး စနစ်တကျကြပ်မတ်လျက်ရှိ။
Add new comment