တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာ စေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာဖြစ်သည့် DVB TV News မှတင်ထားသော ပင်လောင်းမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများ နေထိုင်သည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PNO အဖွဲ့ ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံ သတင်းအမှားဖြစ်ပြီး ၎င်းသတင်းနှင့်ပတ်သက်၍ တပ်မတော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ယာယီနေရပ်စွန့်ခွာပြည်သူများအား စနစ်တကျ ကူညီစောင့်ရှောက်မှုများ၊ ထောက်ပံ့ မှုများအပါအဝင် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်ပေးမှုများသာရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် People’s Spring မှတင်ထားသော ကျိုက်ထိုမြို့နယ်၌ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် အရပ်သား ၉ ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး အဆိုပါမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများသာ ဆောင် ရွက်လျက်ရှိပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။

နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ် ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုးမျိုးသော မဟုတ်မမှန်ကောလာဟလသတင်း အမှားများကို အွန်လိုင်း‌ပေါ်မှ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၈-၂၀၂၄)

  • ပင်လောင်းမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများ နေထိုင်သည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် PNO အဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
  • ကျိုက်ထိုမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အရပ် သား ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။

 

Add new comment