ဆရာဝန်(သစ်လွင်) ၅၈၁ ဦးအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိများအဖြစ် တာဝန်ပေးအပ်

          ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိများ အဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်တွင် နေပြည်တော်ရှိ MICC-II ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်း ခံရသော ဆရာဝန်(သစ်လွင်) ၅၈၁ ဦးတို့ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက-

  • နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်ကြသည့် ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ လူ့အသက်ထက် အရေးကြီးတာမရှိ၊ ဆေးရုံတိုင်း ဆရာဝန် ရှိရမည်စသည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျမ်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို ပြည့်ဝစွာခန့်ထားနိုင်ရေး နှစ်စဉ်လေ့ကျင့်သင်ကြားမွေးထုတ် ပေးလျက်ရှိကြောင်း။
  • စိတ်ဓာတ်ကြံ့ခိုင်ပြီး သမားဂုဏ်၊ ဆေးပညာကျင့်ဝတ်တို့နှင့်အညီ ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အာရုံစူးစိုက်၌ Professional ပီပီသသဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့။
  • ဆေးတက္ကသိုလ်တစ်ခုချင်းအလိုက် ကိုယ်စားပြုဆရာဝန်(သစ်လွင်)များကို ခန့်အပ်လွှာများ ပေးအပ်ခဲ့။

          အဆိုပါဆရာဝန်(သစ်လွင်)များကို ဆေးကုသမှုအတွေ့အကြုံများ ပိုမိုလေ့လာဆည်းပူးနိုင်စေ ရန်နှင့် ပြည်သူလူထုဆေးကုသမှုလုပ်ငန်းများပိုမိုအထောက်အပံ့ဖြစ်စေရန် ဗဟိုအဆင့်ပြည်သူ့ဆေးရုံ ကြီးများနှင့် ပြည်နယ်/တိုင်းဒေသကြီးများရှိ ပြည်သူ့ဆေးရုံများတွင် တာဝန်ချထားခဲ့ကြောင်းနှင့် ဆေးတက္ကသိုလ်နောက်ဆုံးနှစ် အပိုင်း(ခ)စာမေးပွဲအောင်မြင်ပြီး အလုပ်သင်ဆရာဝန်များအဖြစ် သက်ဆိုင်ရာသင်ကြားရေးဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသူ ၁,၂၇၅ ဦးရှိကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၈-၂၀၂၄)

  • ဇူလိုင်လ ၃၁ ရက်တွင် ဆရာဝန်(သစ်လွင်) ၅၈၁ ဦးအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိများ အဖြစ် တာဝန်ပေးအပ်။
  • ဆရာဝန်(သစ်လွင်)များကို ဆေးကုသမှုအတွေ့အကြုံများ ပိုမိုလေ့လာဆည်းပူးနိုင်စေရန်နှင့် ပြည်သူ လူထုဆေးကုသမှုလုပ်ငန်းများပိုမိုအထောက်အပံ့ဖြစ်စေရန် ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများနှင့် ပြည်နယ်/တိုင်းဒေသကြီးများရှိ ပြည်သူ့ဆေးရုံများတွင် တာဝန်ချထား။
  • ဆေးတက္ကသိုလ်နောက်ဆုံးနှစ် အပိုင်း()စာမေးပွဲအောင်မြင်ပြီး အလုပ်သင်ဆရာဝန်များအဖြစ် သက်ဆိုင်ရာသင်ကြားရေးဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသူ ,၂၇၅ ဦးရှိ။

 

 

 

Add new comment