အာဆီယံဒေသတွင်း ဆေးလိပ်ငွေ့ကင်းစင်စေရန်ရည်ရွယ်၍ အရှေ့တောင်အာရှဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးမိတ်ဖက်အဖွဲ့ (South East Asia Tobacco Control Alliance) နှင့် အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသ ဆု (ASEAN Smoke Free Award) အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပဆောင်ရွက်ခဲ့သော (၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင် စတင်မိတ်ဆက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ဆေးလိပ်ငွေ့ကင်းစင်ဒေသများ ထူထောင်ထားရှိသည့်အနက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN Smoke Free Award) အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် (Gold) ကို ဖိလစ်ပိုင်နိုင်ငံ IIoilo City ကလည်းကောင်း၊ ငွေတံဆိပ် (Silver) ကို အင်ဒိုနီးရှားနိုင်ငံ Bogor City ကလည်းကောင်း၊ ကြေးတံဆိပ် (Bronze) ကို ထိုင်းနိုင်ငံ Saensuk Municipality နှင့် မြန်မာနိုင်ငံ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတို့က ပူးတွဲ၍ လည်းကောင်း၊ နှစ်သိမ့်ဆုအဖြစ် လာအိုနိုင်ငံ Luang Prabang ကလည်းကောင်း အသီးသီးရရှိခဲ့ သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၈-၂၀၂၄)
- အာဆီယံ ဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN Smoke Free Award) ကြေးတံဆိပ် (Bronze) ကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ Saensuk Municipality တို့က ပူးတွဲရရှိခဲ့။
Add new comment