ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ကို ဇူလိုင်လ ၂၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင်-
- အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူများစီးပွားရေး တိုးတက် စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသမှ ကုန်သွယ်မှုများ ဆောင်ရွက် ခဲ့ပြီး ကိန်းဂဏန်းများအရ အပေါင်းလက္ခဏာရှိခဲ့ကြောင်း။
- နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများရှိနေသေးသဖြင့် နယ်စပ်ဒေသကုန်သွယ်ရေး နှင့် ပတ်သက်၍ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဖြစ်ရန်လိုပြီး လမ်းခရီး၌ မလိုလား အပ် သည့် ကုန်ကျစရိတ်များကြောင့် ကုန်ဈေးနှုန်းများမြင့်တက်နိုင်၍ နယ်စပ်ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေမည့် လုပ်ဆောင်မှုများမရှိအောင် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်ပေးရန်လိုကြောင်း။
- ကုန်သွယ်မှုများဆောင်ရွက်ရန်အတွက် ထုတ်ကုန်ပစ္စည်းများရှိရန်လိုပြီး စပါးစိုက်ပျိုးမှုနှင့် ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းဆန်ဖူလုံမှုကိုသာမက ပြည်ပပို့ကုန်များကိုလည်း ပိုမိုရရှိစေမည်ဖြစ်ကြောင်း။
- စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို ပိုမိုလည်ပတ်နိုင်ပြီး ထိုမှတစ်ဆင့် ဝန်ဆောင်မှုလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်သဖြင့် နိုင်ငံ၏ GDP တိုးတက်လာနိုင်မည်ဖြစ်ကာ ၎င်းလုပ်ငန်း များကို အခြေခံ၍ နိုင်ငံ့လူဦးရေ ၅၀ ရာခိုင်နှုန်း၏ လူမှုဘဝများ ဖွံ့ဖြိုးရေးကို အမှန်တကယ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံအနေဖြင့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံ လောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ် သဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်သွားရန် မှာကြားလိုကြောင်း။
- မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဝါကို အဓိကစိုက်ပျိုးကြသဖြင့် အဆိုပါတိုင်းဒေသကြီးများမှ ထွက်ရှိသည့်ဝါကို အခြေခံသည့် စက်မှု လုပ်ငန်းများကိုဆောင်ရွက်ပြီး ဝါဂွမ်းရောင်းချသည့်အဆင့်မှ အဆင့်မီသည့် ချည်နှင့်ချည် ပိတ် များကို ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက ဝါစိုက်ပျိုးမှုမှရရှိသည့် အကျိုးကျေးဇူးမှာ များစွာ ကြီးမားသောကြောင့် အဆိုပါဒေသကြီးများအနေဖြင့် ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ကို ဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
- ရေထွက်ပစ္စည်းများသည် မိမိတို့နိုင်ငံအတွက် အထိုက်အလျောက်ဝင်ငွေရရှိသဖြင့် ရေသယံ ဇာတမွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်တိုးတက်အောင် ဆောင်ရွက်သွားကြရန် လိုကြောင်း။
- ပညာရေးနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်းများကို ပြည့်မီစွာခန့်အပ်နိုင်ရေး ဆောင်ရွက်လျက် ရှိသကဲ့သို့ သင်ကြားရေးဆိုင်ရာ အဆောက်အဦများကိုလည်း လိုအပ်ချက်နှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
- ယခုနှစ်ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်၌ ၇၀ ရာခိုင်နှုန်း ခန့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ၉၂ ရာခိုင်နှုန်း ကျောင်းတက် ရောက်လျက်ရှိ ကြောင်း။
- ဆရာ၊ ဆရာမများကို ခန့်အပ်တာဝန်ပေးအပ်ရာတွင် လိုအပ်သည့်သင်တန်းများကို ပြီး မြောက်ပြီးမှသာ တာဝန်ပေးအပ်ခြင်းဖြစ်သလို အစိုးရအနေဖြင့်လည်း ပညာရေးဝန်ထမ်းများ အား ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဖော်ဆောင်ပေးလျက်ရှိသောကြောင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့တာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ ကလေးငယ် များကို အမှန်တကယ် ပညာတတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်း။
- နိုင်ငံအတွက် ပညာရှင်လူငယ်များ လိုအပ်ပြီး ၎င်းတို့အနေဖြင့် နိုင်ငံအတွက် လူမှန်နေရာမှန် တာဝန်ထမ်းဆောင်မည်ဆိုပါက နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
- ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုကို အသိအမှတ်ပြုသောအားဖြင့် လစာအပြင် ထောက်ပံ့ ကြေးများကိုလည်း တိုးမြှင့်ခံစားစေလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများကိုပါ ထောက်ပံ့ကြေး တိုးမြှင့်ပေးမည်ဖြစ်ကြောင်း။
- ကျန်းမာရေးပိုင်းနှင့်ပတ်သက်၍ ဝန်ထမ်းများပြည့်မီစွာ ခန့်အပ်နိုင်ရေးနှင့် ဆေးပစ္စည်းများ ပြည့်စုံမှုရှိစေရေး မိမိတို့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ယခုနှစ်အတွင်း အထူးရန်ပုံငွေမှ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးရုံအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။
- “ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်” ၊ “လူ့အသက်ထက် အရေးကြီးသည်မှာ ဘာမှမရှိ”၊ “ဆေးရုံတိုင်းတွင် ဆရာဝန်ရှိရမည်” စသည့်မူဝါဒများဖြင့် လည်း ကျန်းမာရေးပိုင်းကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
- တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ မှုခင်းလျော့နည်း ကျဆင်းရေးအတွက် လိုအပ်သည့် အသိပညာပေးမှုများကိုလည်း ဖိဖိစီးစီးဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊။
- အမှုအခင်းများ ဖြစ်ပွားမှုအများစုမှာ အသိပညာအားနည်းခြင်းနှင့် ငွေကြေးအခက်အခဲများကို မမှန်ကန်သည့် နည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းခြင်းတို့ကြောင့် ဖြစ်သည်ကိုတွေ့ရ သောကြောင့် အမှုအခင်းဖြစ်ပွားမှု များပြားသည့်ဒေသများ၌ ဥပဒေပိုင်းဆိုင်ရာ အသိပညာ ပေးမှုများ၊ ထိန်းသိမ်းကြပ်မတ်မှုများကို ထိထိမိမိဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း။
- လာမည့်အောက်တိုဘာလတွင် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင် ရွက်လျက်ရှိပြီး ဒီဇင်ဘာလတွင် အမျိုးသားအားကစားပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း။
- ဆိုကရေးတီးပြိုင်ပွဲသည် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းရန်နှင့် အမျိုးသားရေး စရိုက် လက္ခဏာကို ဖော်ကျူးရန်ပြုလုပ်ခြင်းဖြစ်ပြီး အမျိုးသားအားကစားပြိုင်ပွဲကျင်းပရာတွင်လည်း ခမ်းနားထည်ဝါမှုထက် အရည်အသွေးရှိပြီး အဆင့်အတန်းရှိရှိဖြင့် ယှဉ်ပြိုင်ကစားနိုင်သော အားကစားပြိုင်ပွဲဖြစ်စေလိုကြောင်း။
- လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ လိုအပ်နေ သောကြောင့် ၎င်းတို့တာဝန်ထမ်းဆောင်ရာ ဧရိယာအတွင်း၌ ဝန်ထမ်းအိမ်ရာများ မဖြစ်မနေ ဆောက်လုပ်ပေးရန်လိုကြောင်း။
- ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံတော် နှင့် ပတ်သက်၍ အကြောင်းကိစ္စရပ်များရှိပါက အချိန်မီတင်ပြကြရန်နှင့် မူဝါဒနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့်ပြောကြားခဲ့။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၇-၂၀၂၄)
- နယ်စပ်ဒေသကုန်သွယ်ရေးနှင့် ပတ်သက်၍ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဖြစ်ရန်လိုပြီး လမ်း ခရီး၌ မလိုလားအပ်သည့် ကုန်ကျစရိတ်များကြောင့် ကုန်ဈေးနှုန်းများမြင့်တက်နိုင်၍ နယ်စပ် ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေမည့် လုပ်ဆောင်မှုများမရှိအောင် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပေးရန်လို။
- စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်လာ နိုင်မည်ဖြစ်ကာ ၎င်းလုပ်ငန်းများကို အခြေခံ၍ နိုင်ငံ့လူဦးရေ ၅၀ ရာခိုင်နှုန်း၏ လူမှုဘဝများ ဖွံ့ဖြိုးရေးကို အမှန်တကယ် ဆောင်ရွက်နိုင်မည်ဖြစ်။
- မြန်မာနိုင်ငံအနေဖြင့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်သဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်သွားရန်လို။
- ယခုနှစ်ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်၌ ၇၀ ရာခိုင်နှုန်း ခန့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ၉၂ ရာခိုင်နှုန်း ကျောင်းတက် ရောက်လျက်ရှိ။
- အစိုးရအနေဖြင့်လည်း ပညာရေးဝန်ထမ်းများအား ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဖော် ဆောင်ပေးလျက်ရှိသောကြောင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်၍ ကလေးငယ်များကို အမှန်တကယ် ပညာတတ်မြောက်အောင် သင်ကြားပေးရန်လို။
- နိုင်ငံအတွက် ပညာရှင်လူငယ်များလိုအပ်ပြီး ၎င်းတို့အနေဖြင့် နိုင်ငံအတွက် လူမှန်နေရာမှန် တာဝန် ထမ်းဆောင်မည်ဆိုပါက နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်။
- ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုကို အသိအမှတ်ပြုသောအားဖြင့် လစာအပြင် ထောက်ပံ့ကြေး များကိုလည်း တိုးမြှင့်ခံစားစေလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများကိုပါ ထောက်ပံ့ကြေး တိုးမြှင့်ပေး မည်ဖြစ်။
- ကျန်းမာရေးပိုင်းနှင့်ပတ်သက်၍ ဝန်ထမ်းများပြည့်မီစွာ ခန့်အပ်နိုင်ရေးနှင့် ဆေးပစ္စည်းများ ပြည့်စုံမှု ရှိစေရေး မိမိတို့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ယခုနှစ်အတွင်း အထူးရန်ပုံငွေမှ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးရုံအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်။
- အမှုအခင်းများ ဖြစ်ပွားမှုအများစုမှာ အသိပညာအားနည်းခြင်းနှင့် ငွေကြေးအခက်အခဲများကို မမှန် ကန်သည့် နည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းခြင်းတို့ကြောင့် ဖြစ်သည်ကိုတွေ့ရသော ကြောင့် အမှုအခင်းဖြစ်ပွားမှု များပြားသည့်ဒေသများ၌ ဥပဒေပိုင်းဆိုင်ရာ အသိပညာ ပေးမှုများ၊ ထိန်းသိမ်းကြပ်မတ်မှုများကို ထိထိမိမိဆောင်ရွက်သွားကြရန်လို။
- လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ လိုအပ်နေသော ကြောင့် ၎င်းတို့တာဝန်ထမ်းဆောင်ရာ ဧရိယာအတွင်း၌ ဝန်ထမ်းအိမ်ရာများ မဖြစ်မနေ ဆောက် လုပ်ပေးရန်လို။
Add new comment