တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အဖွဲ့များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်လေ့လာ

          တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် ဦးဆောင်သော နိုင်ငံရေးပါတီ ပါတီမှ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ် ပါတီနှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများအကြား ဆက်ဆံရေးပိုမိုတိုးမြှင့်ရန်ရည်ရွယ်၍ ဇူလိုင်လ ၂၀ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန် ထွက်ခွာခဲ့ပါသည်။

          အဆိုပါလေ့လာရေးခရီးစဉ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆောင်ရွက်နေမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် နေမှု၊ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ တရုတ်-ကူမင်း သွင်းကုန်၊ ပို့ကုန် ကုန်စည်ပြပွဲ၊ တိုင်းရင်း သားလူမျိုးများနှင့် မျိုးနွယ်စုနှင့် မူဝါဒချမှတ်မှုဆိုင်ရာ ဆွေးနွေးပွဲ၊ ယူနန်ပြည်နယ် မဟာလျှပ်စစ် ဓာတ်အားလိုင်း ကွန်ရက်တည်ဆောက်မှုအခြေအနေများနှင့် တရုတ်ကွန်မြူနစ်ပါတီပြတိုက်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအပါအဝင် အထင်ကရနေရာများသို့ သွားရောက် လေ့လာခဲ့ပါသည်။

ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၇ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံ ရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၇-၂၀၂၄)

  • ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်နေမှု၊ တိုင်းရင်းသားလူမျိုးများနှင့် မျိုးနွယ်စုဆိုင်ရာ မူဝါဒချမှတ်မှုဆိုင်ရာ ဆွေး နွေးပွဲ၊ ယူနန်ပြည်နယ်မဟာလျှပ်စစ်ဓာတ်အားလိုင်း ကွန်ရက်တည်ဆောက်မှုအခြေအနေများ၊ တရုတ်ကွန်မြူနစ်ပါတီပြတိုက်နှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့။

 

Add new comment