အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့် ၎င်းတို့၏ ဇနီး များအား ဇူလိုင်လ ၂၆ ရက်တွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ညစာစားပွဲသို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ဘင်းမ်စတက်အတွင်းရေးမှူး ချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ အစည်းအဝေးကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်သည့် လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ညစာစားပွဲတွင် မြန်မာ့ယဉ်ကျေးမှုအကအလှများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာ အကများ၊ ဘင်းမ်စတက် ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကပြခဲ့သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် အမှတ်တရ လက်ဆောင်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။
ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ နှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် နှင့် ၎င်းတို့၏ ဇနီးများ၊ အဖွဲ့ဝင်များသည် ဇူလိုင်လ ၂၇ ရက်တွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၇-၂၀၂၄)
- ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ နှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ၊ ဘင်းမ်စတက်အတွင်းရေး မှူးချုပ်နှင့် ၎င်းတို့၏ ဇနီးများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့။
- အဆိုပါ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများသည် ဇူလိုင်လ ၂၇ ရက်တွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့။
Add new comment