e-Government ဦးဆောင်ကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ e-Government ဦးဆောင်ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့ ရာတွင်-
- e-Government သည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ ပင်မတွန်းအားဖြစ်သည့် Digital Economy ကို ဖော်ဆောင်နိုင်ရန်အတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း။
- e-Government ကို အစိုးရ၏ မဟာဗျူဟာစီမံကိန်းများနှင့် လုပ်ငန်းများတွင် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးနှင့်စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုများတွင် နည်းပညာ၏အခန်းကဏ္ဍကို ပိုမိုကျယ်ပြန့်လာစေပြီး ထင်သာမြင်သာရှိ သည့် ရလဒ်ကောင်းများနှင့် အချိန်တိုတိုအတွင်း အကျိုးရှိပြီး ထိရောက်အောင်မြင်မှုများ ရရှိလာစေနိုင်မည်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံတွင် ICT နည်းပညာများ စနစ်တကျဖွံ့ဖြိုးလာစေရေးရည်ရွယ်ပြီး ၂၀၀၅ ခုနှစ်တွင် ပထမ Myanmar ICT Development Master Plan ၊ ၂၀၁၀ ပြည့်နှစ်တွင် ဒုတိယ Myanmar ICT Development Master Plan တို့ကိုရေးဆွဲခဲ့ပြီးနောက် e-Government လုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်တွင် Myanmar e-Governance Master Plan (2016-2020) ကို ဆက်လက်ရေးဆွဲခဲ့ကြောင်း။
- ယခုအခါတွင် နိုင်ငံတော်ကချမှတ်သည့် မူဝါဒသစ်များ၊ ဒစ်ဂျစ်တယ်နည်းပညာသစ်များ လျင်မြန်စွာပြောင်းလဲမှုတို့နှင့် ကိုက်ညီမှုရှိစေရန်အတွက် ယခင်ကရေးဆွဲခဲ့သည့် e-Governance Master Plan (2016-2020) ကို ပြန်လည်ဆန်းစစ် ဖြည့်စွက်ပြင်ဆင်ပြီး “Myanmar e-Governance Master Plan 2030” ကို မူကြမ်းရေးဆွဲခဲ့ပြီးဖြစ်ကြောင်း။
- လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် အစိုးရ၏ သတင်းအချက်အလက်များနှင့် ဝန် ဆောင်မှုများကို Myanmar National Portal ၊ Myanmar National Trade Portal စသည့် National Portal များနှင့် အစိုးရဝန်ကြီးဌာနများအသီးသီး၏ အင်တာနက်စာမျက်နှာများမှ တစ်ဆင့် ပြည်သူများလွယ်ကူချောမွေ့စွာရရှိနိုင်ရန် ဖြန့်ဖြူးပေးခြင်းများကို ဝန်ဆောင်မှုပေး နေပြီဖြစ်ကြောင်း။
- နည်းပညာများ မြန်ဆန်စွာဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် အကျိုးကျေးဇူးများရှိသကဲ့သို့ တစ်ဖက်တွင်လည်း ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာရာဇဝတ်မှုများ သိသိသာသာမြင့်တက် လာပြီး အစိုးရအဖွဲ့အစည်းများသည် ဆိုက်ဘာလုံခြုံရေးနှင့်စပ်လျဉ်းသည့် အန္တရာယ်များနှင့် ပိုမိုရင်ဆိုင်လာရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
- ဆိုက်ဘာလုံခြုံရေးအစီအမံများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာမူဝါဒကို ၂၀၂၃ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့်အပြင် ဆိုက်ဘာလုံခြုံမှုကို ဥပဒေနှင့်အညီ ထိန်းကျောင်းသွားနိုင်ရေးအတွက် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ပြည့်စုံစွာပါဝင်နိုင်မည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း။
- မိမိတို့ မြန်မာနိုင်ငံ၏ e-Government ခရီးရှည်တွင် ယခုကဲ့သို့ထင်ရှားသည့် မှတ်တိုင်များကို တည်ဆောက်နိုင်ခဲ့သည့်အတွက် ကုလသမဂ္ဂကထုတ်ပြန်သည့် UN e-Government Development Index (EGDI) တွင်အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် အဆင့် ၁၆၉ တွင်ရှိနေရာက ၂၀၂၂ ခုနှစ်တွင် အဆင့် ၁၃၄ ဖြစ်လာပြီး ၃၅ ဆင့် တိုး တက်လာခဲ့ကြောင်း။
- အလားတူ အစိုးရနှင့်ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် အုပ်ချုပ်မှုပုံစံကို ပုံဖော်နိုင်ခဲ့သည့်အတွက် ကုလသမဂ္ဂကထုတ်ပြန်သည့် e-Participation Index (EPI) တွင် ၂၀၁၆ ခုနှစ်၌ အဆင့် ၁၇၀ ရှိရာမှ ၂၀၂၂ ခုနှစ်၌ အဆင့် ၁၁၇ အထိ ၅၃ ဆင့် တိုးတက်လာခဲ့သည့် ရလဒ်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
- အွန်လိုင်းအသုံးပြုပြီး လုပ်ငန်းဆောင်ရွက်မှုများ ကျယ်ပြန့်များပြားလာသည်နှင့်အမျှ အရေး ကြီးသည့် ထိခိုက်မခံသည့် သတင်းအချက်အလက်များပျက်စီးဆုံးရှုံးခြင်းကို ကာကွယ်ရန် Backup စနစ်များ၊ Disaster Recovery စနစ်များ တည်ဆောက်ထားရှိရန်လည်း လိုအပ် ကြောင်း။
- ယနေ့ကမ္ဘာတွင် ဒစ်ဂျစ်တယ်အသွင်ကို အောင်မြင်စွာကူးပြောင်းနိုင်သည့် နိုင်ငံများသည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာနေသည်ကို အထင်အရှားတွေ့မြင်ရကြေင်းနှင့် နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ပိုမိုကျယ်ပြန့်ပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများပေးနိုင်ခြင်းဆိုသည့်အချက်ပေါ်တွင် မှီတည်နေကြောင်း။
- ဒစ်ဂျစ်တယ်အစိုးရဆိုသည်မှာ ဒစ်ဂျစ်တယ်စွမ်းရည်နှင့် ဒစ်ဂျစ်တယ်ရင့်ကျက်ပြည့်စုံမှုများ ဆီကို ဦးတည်ရမည်ဖြစ်ခြင်းကြောင့် ယခင်ဆယ်စုနှစ်များက ကြိုးပမ်းအကောင်အထည် ဖော်ခဲ့သည့် e-Government ၏ပုံရိပ်ကိုတိုးမြှင့်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားခဲ့။
e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြန်မာနိုင်ငံတွင် e-Government စတင်ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ အင်တာနက်ဝန်ဆောင်မှု များ တိုးချဲ့နိုင်ရေး၊ ဝန်ကြီးဌာနများအချင်းချင်း ချိတ်ဆက်အသုံးပြုနိုင်သည့် EDMS စနစ်များ ချိတ် ဆက်နိုင်ရေးဆောင်ရွက်ခဲ့မှု၊ e-Government စနစ်တိုးတက်ရေးအတွက် Myanmar e-Government Master Plan 2030 ကိုရေးဆွဲဆောင်ရွက်ခဲ့မှု၊ ဆိုက်ဘာလုံခြုံရေးဥပဒေပြဌာန်းဆောင်ရွက်ခဲ့မှု၊ e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိမှု၊ နိုင်ငံ၏အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးနှင့်ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် စေရေး e-Government ဦးဆောင်ကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ် အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် တက် ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၇-၂၀၂၄)
- e-Government သည် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဉ်ကို လျင်မြန် လွယ်ကူချောမွေ့စေရန် အထောက်အပံ့ကောင်းများ ပေးစွမ်းနိုင်မည်ဖြစ်သည်အတွက် အောင် မြင်အောင် မဖြစ်မနေ အကောင်အထည်ဖော်ဆောင်သွားကြရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်။
- e-Government ကို အစိုးရ၏ မဟာဗျူဟာစီမံကိန်းများနှင့် လုပ်ငန်းများတွင် ဦးစားပေး အကောင် အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးနှင့်စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုများ တွင် နည်းပညာ၏အခန်းကဏ္ဍကို ပိုမိုကျယ်ပြန့်လာစေပြီး ထင်သာမြင်သာရှိသည့် ရလဒ်ကောင်း များနှင့် အချိန်တိုတိုအတွင်း အကျိုးရှိပြီး ထိရောက်အောင်မြင်မှုများ ရရှိလာစေနိုင်မည်ဖြစ်။
- လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် အစိုးရ၏ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှု များကို Myanmar National Portal ၊ Myanmar National Trade Portal စသည့် National Portal များနှင့် အစိုးရဝန်ကြီးဌာနများအသီးသီး၏ အင်တာနက်စာမျက်နှာများမှ တစ်ဆင့် ပြည်သူများလွယ်ကူချောမွေ့စွာရရှိနိုင်ရန် ဖြန့်ဖြူးပေးခြင်းများကို ဝန်ဆောင်မှုပေးနေပြီဖြစ်။
- ကုလသမဂ္ဂကထုတ်ပြန်သည့် UN e-Government Development Index (EGDI) တွင်အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် အဆင့် ၁၆၉ တွင်ရှိ နေရာက ၂၀၂၂ ခုနှစ်တွင် အဆင့် ၁၃၄ ဖြစ်လာပြီး ၃၅ ဆင့် တိုးတက်လာခဲ့။
- အစိုးရဌာနများအားလုံး မျှဝေအသုံးပြုနိုင်ရန်ရည်ရွယ်ပြီးတည်ဆောက်ခဲ့သည့် e-Government Data Center ၊ Myanmar National Portal၊ One Map Myanmar Geo Portal ၊ Government Cloud၊ Government e-Mail နှင့် e-ID အစရှိသည့် စီမံကိန်းများသည် အစိုးရ၏စွမ်းဆောင်နိုင်ရည်နှင့် သတင်းအချက်အလက်လုံခြုံရေးကို မြှင့်တင်ပေးနိုင်သော ထင်ရှားသည့်သာဓကများပင်ဖြစ်။
- အွန်လိုင်းအသုံးပြုပြီး လုပ်ငန်းဆောင်ရွက်မှုများ ကျယ်ပြန့်များပြားလာသည်နှင့်အမျှ အရေးကြီး သည့် ထိခိုက်မခံသည့် သတင်းအချက်အလက်များပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန် Backup စနစ် များ၊ Disaster Recovery စနစ်များ တည်ဆောက်ထားရှိရန်လည်းလို။
Add new comment