ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွဲအပ်ခြင်းခံရသော ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

          ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွဲအပ်ခြင်းခံရသော ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်အား ဇူလိုင်လ ၂၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာ၊ အကောက်ခွန်ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ၊ ပိုမိုတိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာ စာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့်ပတ်သတ်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၇-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ၊ ပိုမိုတိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့်ပတ်သတ်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။

 

 

Add new comment