စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများအစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်တွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသဘာပတိ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများဖြစ်ကြသည့် အိန္ဒိယနိုင်ငံမှ H.E. Shri Ajit Doval ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker ၊ ဘူတန်နိုင်ငံမှ Mr. Sonam Wangyel ၊ နီပေါနိုင်ငံမှ H.E. Mr. Harishchandra Ghimire ၊ သီရိလင်္ကာနိုင်ငံမှ General Kamal Gunaratne (Retd) WWV RWP RSP USP Ndc psc MPhil ၊ ထိုင်းနိုင်ငံမှ H.E. Mr. Ruchakorn NAPAPORNPIPAT ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

အစည်းအဝေးတွင် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီး အကဲများအစည်းအဝေးသဘာပတိက အဖွင့်အမှာစကားပြောကြားခဲ့ပြီး-

  • အိမ်ရှင်မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးက ဇူလိုင်လ ၂၅ ရက်တွင် ကျင်းပခဲ့သည့် စတုတ္ထ အကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးမှထွက်ပေါ်လာသည့် တင်ပြချက်များ။
  • ဘင်းမ်စတက်အတွင်းရေးမှူးချုပ်က အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင် ရာကဏ္ဍခွဲနှင့် အမျိုးသားလုံခြုံရေးနှင့် သက်ဆိုင်သည့်ကဏ္ဍများအလိုက် တိုးတက်မှုအခြေအနေများ။
  • ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများက အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာများနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ သက်ဆိုင်ရာလုံခြုံရေးကဏ္ဍအလိုက် ထိရောက်သည့်သတင်း အချက်အလက်များ ပိုမိုပူးပေါင်းမျှဝေနိုင်ရေး၊ ဒေသတွင်းလက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေး ဆိုင်ရာအခြေအနေ၊ ကြုံတွေ့လာနိုင်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင် ပြင်ဆင်ထားရှိရမည့်အခြေအနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည့် နည်းလမ်း များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့။

၎င်းဆွေးနွေးချက်များအပေါ် အစည်းအဝေးသဘာပတိက ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဦးစားပေးအကောင်အထည်ဖော်ရမည့်အချက်များနှင့် အနာဂတ်တွင် အဖွဲ့ဝင် နိုင်ငံများအချင်းချင်း ပိုမိုထိတွေ့ပူးပေါင်းဆောင်ရွက်ရမည့်အချက်များကို ပြန်လည်သုံးသပ်ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၇-၂၀၂၄)

  • စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးတွင် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာလုံခြုံရေးကဏ္ဍအလိုက် ထိရောက်သည့်သတင်း အချက်အလက်များ ပိုမိုပူးပေါင်းမျှဝေနိုင်ရေး၊ ဒေသတွင်းလက်ရှိဖြစ်ပေါ် နေသည့် လုံခြုံရေးဆိုင်ရာအခြေအနေ၊ ကြုံတွေ့လာနိုင်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့်အခြေအနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည့် နည်းလမ်း များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

 

 

 

 

 

 

 

 

 

 

 

 

 

 

Add new comment