ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

            ဒီနေ့မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေများနဲ့ ဖြစ်ပေါ်နေတဲ့အခြေအနေများကို ပြောပါမယ်။

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဟာ ဇူလိုင်လ ၃ ရက်နေ့မှာ လားရှိုးမြို့အနီး တဝိုက်ကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ အလားတူပဲ TNLA အကြမ်းဖက်အဖွဲ့ဟာ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့တွေကို တိုက်ခိုက်ခဲ့တာတွေ ရှိပါတယ်။ ဒီလိုတိုက်ခိုက်ခဲ့ရာမှာ စစ်ဘက်ဆိုင်ရာနေရာ များထက် သာမန်ပြည်သူတွေနေတဲ့နေရာတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ တွေ ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ဘာသာရေးအဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ ပြည်သူပိုင်ဆေးရုံဆေးခန်း၊ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ လားရှိုးမြို့တစ်ခုတည်းမှာပဲ ကျွန်တော်တို့ စာရင်းကောက်လို့ရသမျှ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၃၀ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၅ ဦးရှိခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူများဟာ မိမိတို့အနှစ်နှစ်အလလ၊ သားစဉ်မြေးဆက် ရှာဖွေ စုဆောင်းတည်ဆောက်ခဲ့ရတဲ့ အိမ်တွေ၊ ဆိုင်တွေ၊ လုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုတွေကို စွန့်ခွာထွက်ပြေး ရပြီး တိုက်ပွဲရှောင်ခဲ့ရပါတယ်။ ယခု လက်ရှိအခြေအနေမှာ MNDAA, TNLA,  AA အကြမ်းဖက် သောင်းကျန်းသူများနဲ့ သူတို့နဲ့ပူးပေါင်းနေတဲ့ PDF အကြမ်းဖက်များရဲ့ မြို့ရွာများကိုပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အဲဒီဒေသတွေကနေ နေရပ်စွန့်ခွာထွက်ပြေးပြီး  ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့နဲ့ မန္တလေးမြို့အပါအဝင် အခြားမြို့ရွာတွေကို ရောက်ရှိခိုလှုံနေရသူ တိုင်းရင်းသားပြည်သူဦးရေ အမြောက်အမြားရှိနေပါတယ်။ သူတို့ကို နိုင်ငံတော်အစိုးရ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း များနဲ့ Volunteer လူမှုကူညီရေးအသင်းများ၊ ပုဂ္ဂလိကစေတနာရှင် ပြည်သူများက ကူညီထောက်ပံ့ ပေးနေတာကိုလည်း တွေ့ရပါတယ်။ သောင်းကျန်းသူများရဲ့ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ လာရတဲ့ ပြည်သူများကို သွားလာရာလမ်းတစ်လျှောက်မှာ တတ်နိုင်သလောက် ကူညီစောင့်ရှောက် ပေးခဲ့တဲ့ စေတနာရှင်တိုင်းရင်းသားပြည်သူများရဲ့ ကူညီလိုစိတ်၊ ဝိုင်းဝန်းလိုစိတ်နဲ့ မြန်မာဆိုတဲ့ စိတ်ထားကို အထူးဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ ဒီလိုပြည်ထောင်စုစိတ်၊ မြန်မာစိတ်ရှိတဲ့ ပြည်သူလူထုက လူသားချင်းစာနာစိတ်နဲ့ ဆောင်ရွက်နေချိန်မှာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ် တွေကို ဖျက်ဆီးနေတဲ့ ဓားပြဆန်ဆန်အဖွဲ့အစည်းဖြစ်တဲ့ သောင်းကျန်းသူအဖွဲ့တွေကို အားပေး၊ အားမြှောက်လုပ်နေတဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ပြီး ပြည်ပအားကိုပုဆိန်ရိုးလုပ်နေတဲ့သူတွေ၊ အဖွဲ့အစည်းတွေ၊ မီဒီယာတွေကိုလည်း စိတ်ပျက်ဖွယ်တွေ့ရပါတယ်။ ကျွန်တော်တို့တိုင်းရင်းသား ပြည်သူလူထုရဲ့ သေကြေပျက်စီးမှု၊ အိုးအိမ်နေရာဖျက်ဆီးဆုံးရှုံးခံရမှု၊ ပြည်သူပိုင်လမ်း၊ တံတား၊ စာသင်ကျောင်း၊ ဆေးရုံ၊ ကိုးကွယ်ရာနေရာတွေဖြစ်တဲ့ ဘုရား၊ ကျောင်း၊ ဘာသာရေးအဆောက် အအုံတွေ ပျက်စီးရမှုတွေကို ဝမ်းသာအားရဖြစ်နေတဲ့သူတွေဟာ သူတို့ရဲ့စိတ်ထဲမှာ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့ပြည်သူလူထုအပေါ်မှာ ဘယ်လောက်ထိ ကောက်ကျစ် စဉ်းလဲတဲ့စိတ်၊ ဖျက်လိုဖျက် ဆီးစိတ်ရှိတယ်ဆိုတာကို အထင်းသားပေါ်လွင်ပြသနေတာ ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းပြီး ထိထိရောက်ရောက် ပြတ်သားစွာဆန့်ကျင်ကြရပါမယ်။

မနေ့က MNDAA အကြမ်းဖက်အဖွဲ့က လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီဆိုပြီး ကြေညာခဲ့တာ တွေ့ရပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက အဲဒီသတင်းနဲ့ ပတ်သက်ပြီး ဒီသတင်းဟာ မဟုတ်မှန်ကြောင်းနဲ့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်မှုသာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ကြေညာချက်ထွက်ပြီး အချိန် အနည်းငယ်အတွင်းမှာပဲ BPLA ဆိုတဲ့ ဗမာသစ္စာဖောက်လောက်ကောင်အဖွဲ့ကလည်း သံယောင် လိုက်ပေးတာတွေ၊ ခေါင်းဆောင်လုပ်တဲ့သူကလည်း မီဒီယာများကို ပြောကြားပေးတာတွေ၊ ထုံးစံ အတိုင်းပဲ ပြည်ဖျက်မီဒီယာတွေ၊ ပြည်ပအားကိုးပုဆိန်ရိုးတွေက အုတ်အော်သောင်းနင်း ဝါဒဖြန့် တာတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ ပိုပြီးထူးခြားတာက တရုတ်ဘာသာစကားနဲ့ TikTok, Wechat စာမျက်နှာတွေမှာ ဝါဒဖြန့်မှုတွေကို အရေအတွက်များစွာ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရပါတယ်။ ဒီအဖျက်သမားတွေ ဘာကိုရည်ရွယ်တာလဲ၊ ဒီမဟုတ်မမှန်သတင်းကို အရှိန်အဟုန်နဲ့ ဘာလို့ ဖြန့်သလဲဆိုတာ ကျွန်တော်တို့ ပြည်သူလူထု၊ လုံခြုံရေးအဖွဲ့အစည်းများ အားလုံးသိဖို့ လိုအပ် ပါတယ်။

MNDAA, TNLA နဲ့ PDF အကြမ်းဖက်အဖွဲ့တွေဟာ ဒီဇူလိုင်လအတွင်းမှာ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါဒေသတဝိုက်တိုက်ပွဲတွေမှာ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး၊ ထွက်ပြေးသူတွေ တော်တော်များခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ဘေးရှောင်ပြည်သူတွေ၊ သူတို့ မတရားသိမ်းပိုက်ခဲ့တဲ့ ရွာတွေက ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုများအပါအဝင် တိုင်းရင်းသားပြည်သူလူထုကို မတရားဖမ်းဆီးပြီး တိုက်ပွဲဝင်ခိုင်းခဲ့ပါတယ်။ သေကြေပျက်စီးမှု ထပ်မံရှိခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အခြေအနေမှန်ကိုဖုံးကွယ်ဖို့၊ သူတို့ရဲ့စိတ်ဓာတ်ရေးရာထိခိုက်နေမှုကို ဖုံးကွယ်ဖို့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ထပ်မံအသိပေးလိုတာကတော့ ဒီ MNDAA, TNLA နဲ့ အခြားအကြမ်းဖက် ဓားပြအဖွဲ့မှာ မတရားစုဆောင်းခံထားရတဲ့ ပြည်သူလူထုအနေနဲ့ ဘေးကင်းရာကို ထွက်ပြေးလာ ရောက်နိုင်ပါတယ်။ ကျွန်တော်တို့ တပ်မတော်နဲ့လုံခြုံရေးအဖွဲ့အစည်းများက သူတို့ရဲ့အသက် အန္တရာယ်နဲ့ လုံခြုံရေးကို ခိုင်ခိုင်မာမာအာမခံပါတယ်။

လားရှိုးနဲ့ဆက်စပ်ဒေသတွေကို အကြမ်းဖက်တွေတိုက်ခိုက်တဲ့အခါ ဒေသခံပြည်သူလူထု အပါအဝင် မြန်မာတစ်နိုင်ငံလုံးကပြည်သူတွေ၊ တရုတ်နိုင်ငံသားတွေကအစ ၎င်းတို့ရဲ့ဓားပြဆန်ဆန် လုပ်ရပ်ကို ဝိုင်းဝန်းကန့်ကွက်ခဲ့ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုထိတ်လန့်ကြောက်ရွံ့အောင် ပြည်သူတွေနေတဲ့ရပ်ကွက်တွေ၊ အိမ်တွေပေါ်တည့်တည့် ရှော့တိုက်ဒုံး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ပြည်သူတွေထွက်ပြေးအောင် ခြောက်လှန့်လုပ်ဆောင်ခဲ့ပါတယ်။ အရပ်သားဟန်ဆောင်ပြီး ပြည်သူတွေရဲ့နေရာတွေကို ဝင်ရောက်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ဝိုင်းဝန်းဆန့်ကျင်မှု၊ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုရဲ့စည်းရုံးမှု၊ ထင်မြင်ချက်တွေကို ဖြိုခွဲဖို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် သူတို့နောက်ကွယ်ကထောက်ပံ့နေတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေဆီကနေ သူတို့အသက်ဆက်နိုင်ဖို့ လိုအပ်ချက်တွေ ပိုမိုရရှိနိုင်ဖို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီနေ့မှာလည်း လားရှိုးမြို့အချို့နေရာတွေမှာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူ၊ ပြီးမှ ယူနီဖောင်းလဲပြီး လမ်းလျှောက်ပြတာတွေ၊ အလံလွှင့်ပြတာတွေ၊ လားရှိုးမြို့ပေါ်အချို့နေရာတွေမှာ မော်တော်ယာဉ်နဲ့လျှောက်သွားပြီး ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး ဝါဒဖြန့်တာတွေ ဆောင်ရွက်နေတာ တွေကိုတွေ့ရမှာဖြစ်တယ်။

ဒါတွေကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထု၊ ဒီဒေသမှာ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်နဲ့ နိုင်ငံတော်အတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအားလုံးက သိရှိဖို့လိုအပ်ပါတယ်။

MNDAA, TNLA အကြမ်းဖက်ဓားပြအဖွဲ့တွေဟာ အကြောင်းအမျိုးမျိုးပြပြီး ဒေသခံ တိုင်းရင်းသားပြည်သူလူထုရဲ့ပိုင်ဆိုင်မှုတွေ၊ အသက်အိုးအိမ်စည်းစိမ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ သူတို့မတရားကျူးကျော်ထားတဲ့နယ်မြေတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံတာတွေ၊ မတရား သိမ်းပိုက်တာတွေ၊ အတင်းအဓမ္မစစ်သားစုဆောင်း အသေခံခိုင်းတာတွေ လုပ်ဆောင်လျက် ရှိပါတယ်။ သူတို့အချင်းချင်းတောင် နယ်မြေလုနေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့ မတရား ကျူးကျော်ထားတဲ့ ဘယ်နယ်မြေတွေမှာ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တိုးတက်နေသလဲ၊ လုံခြုံနေသလဲဆိုတာကို မေးခွန်းထုတ်ချင်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုအပေါ် လက်နက် အားကိုးနဲ့ အနိုင်ယူနေတဲ့ ဓားပြအဖွဲ့အစည်းတွေသာဖြစ်ပါတယ်။

ကျွန်တော်တို့တပ်မတော်ဟာ မြန်မာ့လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ တပ်မတော် ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးကို တိုင်းရင်းသားပြည်သူလူထုနဲ့အတူ လက်တွဲပြီး အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ရယူခဲ့ရပါတယ်။ လွတ်လပ်ပြီး မြန်မာနိုင်ငံမှာ သောင်းကျန်းသူအဖွဲ့မျိုးစုံ သူပုန်ထမှုကြောင့် ရန်ကုန်အစိုးရလို့အခေါ်ခံရတဲ့ကာလမျိုးမှာ တာဝန်သိတိုင်းရင်းသားပြည်သူလူထု နဲ့ပူးပေါင်းပြီး နိုင်ငံ့လွတ်လပ်ရေးနဲ့ မြန်မာပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်း ကာကွယ်ခဲ့ရပါတယ်။ တပ်မတော်မှာ စစ်တိုင်းဒေသကြီး ၁၄ ခု ရှိတဲ့အနက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဟာ အစဉ်အလာကြီးမားတဲ့ စစ်တိုင်းကြီးဖြစ်ပါတယ်။ ပြည်ပကူမင်တန်ကျူးကျော်စစ် ကို ရိုက်ချိုးခဲ့ပါတယ်။ ဗကပတွေရဲ့ ကျူးကျော်စစ်တွေကို အကြိမ်ကြိမ် ရိုက်ချိုးခဲ့ပါတယ်။ ဒေသခံတိုင်းရင်းသားပြည်သူလူထုကို ဓားပြသာသာ စစ်ဘုရင်၊ ဘိန်းဘုရင်တွေ ရဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ စစ်တိုင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီနေ့ဒီအချိန်အခါမှာ အခြေအနေ၊ အချိန်အခါတွေအရ ဓားပြသာသာစစ်ဘုရင်ဝါဒဟာ ဖုံးကွယ်မှုအမျိုးမျိုး၊ ဝါဒဖြန့်မှုအမျိုးမျိုး၊ လူမျိုးရေးမှိုင်းအမျိုးမျိုးနဲ့ ခေါင်းထောင်ထလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနိုင်ငံ၊ ဒီပြည်သူလူထုအပေါ်မှာ အဖျက်စိတ်ဓာတ်ရှိတဲ့၊ သစ္စာမဲ့တဲ့ လောက် ကောင်များနဲ့ အဖွဲ့အစည်းများရဲ့ ယုတ်မာသောပူးပေါင်းကြံစည်မှု၊ ဓားပြသာသာ စစ်ဘုရင်ဝါဒကို ပံ့ပိုးနေမှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ အဆုံးသတ်ခါနီး၊ ငြိမ်းခါနီးမီးလို ဖြစ်နေပါပြီ။ ငြိမ်းခါနီးမီးထတောက်အောင် မဟုတ်မမှန်ဝါဒဖြန့် ဆောင်ရွက်နေတာ၊ ပြည်သူလူထု အပေါ်မှာဖိနှိပ်ပြီး စစ်သားစုဆောင်းတိုက်ပွဲဝင်ခိုင်းနေတာတွေ တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ သတိရှိဖို့လိုအပ်ပါတယ်။ အားလုံးကဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ မြို့ရွာတွေထဲကို အရပ်သားအယောင်ဆောင်ပြီး စိမ့်ဝင်လာတဲ့ အကြမ်းဖက်တွေ၊ လောက်ကောင် တွေကို တိုင်းရင်းသားပြည်သူလူထု၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လက်တွဲညီညီသုတ်သင်ရှင်းလင်းရမှာဖြစ်ပါတယ်။ နိုင်ငံတဝန်း စွန့်စွန့်စားစားတိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ တိုင်းရင်းသားပြည်သူထုများကို နိုင်ငံတော်နဲ့ ပြည်သူလူထုက အလေးထား၊ တန်ဖိုးထားဂုဏ်ယူလျက်ရှိကြောင်း ဂုဏ်ယူစွာပြောကြားလိုပါတယ်။ တိုင်းရင်းသားပြည်သူလူထုကို ကာကွယ်သော ကာကွယ်စစ်သည် မုချအောင်မြင်ရမှာြဖစ်ပါတယ်။

မြန်မာနိုင်ငံရှိနေသရွေ့ တပ်မတော်ရှိပါမယ်။ တပ်မတော်ရှိနေသရွေ့ မြန်မာနိုင်ငံ တည်တံ့ ခိုင်မြဲရပါမယ်။ ပြည်သူလူထုရဲ့ပိုင်ဆိုင်မှု၊ အသက်အိုးအိမ်စည်းစိမ်နဲ့ လူမှုစီးပွားဘဝလုံခြုံစေ ရပါမယ်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပြီး လက်တွဲညီညီဆောင်ရွက်ရင်း  “ အမိမြေသာယာစေဖို့ ငါတို့မြေကို ငါတို့ကာကွယ်ကြပါစို့ ” ခင်ဗျား။

အားလုံးကိုကျေးဇူးတင်ပါတယ်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၇-၂၀၂၄)

  • ဇူလိုင်လ ၃ ရက်တွင် MNDAA / TNLA အကြမ်းဖက်အဖွဲ့များဟာ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့ကို ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဘာသာရေးအဆောက်အအုံများ၊ လမ်းတံတားများ၊ ပြည်သူပိုင်ဆေးရုံဆေးခန်း၊ စာသင်ကျောင်းစသည့် စစ်ဘက်ပစ်မှတ်မဟုတ်သောနေရာများစွာ ထိခိုက်ပျက်စီးခဲ့ရသလို  ပြည်သူ လူထု၏ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်များ ဆုံးရှုံးခဲ့ရ။
  • လားရှိုးမြို့တစ်ခုတည်းမှာပဲ စာရင်းကောက်လို့ရသမျှ ကလေးငယ် ဦး အပါအဝင် ပြည်သူ ၃၀ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၅ ဦးရှိ။
  • လက်ရှိတွင် MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ၎င်းတို့နှင့် ပူးပေါင်း လျက်ရှိသော PDF အကြမ်းဖက်များ၏ မြို့ရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အဆိုပါ ဒေသမှ နေရပ်စွန့်ခွာထွက်ပြေးပြီး ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့နှင့် မန္တလေးမြို့အပါအဝင် အခြားမြို့ရွာများသို့ ရောက်ရှိခိုလှုံနေရသူ တိုင်းရင်းသားပြည်သူဦးရေ အမြောက်အမြား ရှိပြီဖြစ်။
  • နေရပ်စွန့်ခွာထွက်ပြေးနေရသူများအား ပြည်သူလူထုက လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက်နေချိန်တွင် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးနေသည့် သောင်း ကျန်းသူအဖွဲ့တွေကို အားပေးအားမြှောက်လုပ်နေသော ပြည်ပရောက်လူပုဂ္ဂိုလ်နှင့် အဖွဲ့ အစည်း၊ မီဒီယာများကိုလည်း တွေ့ရှိနေရ။
  • MNDAA အကြမ်းဖက်အဖွဲ့က လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီဆိုသည့် ကြေညာချက်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက အဆိုပါ သတင်းသည် မဟုတ်မှန်ကြောင်းနှင့် မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်မှုသာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်။
  • MNDAA TNLA နှင့် PDF အကြမ်းဖက်အဖွဲ့များသည် လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါဒေသတဝိုက်တိုက်ပွဲများ၌ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး၊ ထွက်ပြေးသူများ အလွန်များပြားခဲ့သဖြင့် စစ်ဘေးရှောင်ပြည်သူများ၊ ၎င်းတို့မတရားသိမ်းပိုက်ခဲ့သောရွာများမှ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် တိုင်းရင်းသားပြည်သူလူထုကို မတရား ဖမ်းဆီးပြီး တိုက်ပွဲဝင်ခိုင်းခဲ့။
  • MNDAA TNLA နှင့် PDF အကြမ်းဖက်အဖွဲ့များသည် လားရှိုးနှင့်ဆက်စပ်ဒေသများကို တိုက်ခိုက်ရာတွင် ဒေသခံပြည်သူလူထုအပါအဝင် မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူများ၊ တရုတ် နိုင်ငံသားများမှအစ ၎င်းတို့၏ဓားပြဆန်ဆန်လုပ်ရပ်ကို ဝိုင်းဝန်းကန့်ကွက်ခဲ့သဖြင့် ပြည်သူ လူထုထိတ်လန့်ကြောက်ရွံ့စေရန် လူနေရပ်ကွက်များပေါ်သို့ ရှော့တိုက်ဒုံး၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ပြီး ပြည်သူတွေထွက်ပြေးအောင် ခြောက်လှန့်ခြင်း၊ အရပ်သားဟန်ဆောင် ကာ ဝင်ရောက်အသွင်ယူခြင်းဖြင့် ပြည်သူလူထု၏ ဝိုင်းဝန်းဆန့်ကျင်မှု၊ တိုင်းရင်းသား ပြည်သူလူထု၏ စည်းရုံးမှု၊ ထင်မြင်ချက်များကို ဖြိုခွဲရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သလို ၎င်းတို့အားထောက်ပံ့နေသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ အထောက်အပံ့များ ပိုမိုရရှိနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်။
  • တပ်ဖွဲ့ဝင်များအထင်မြင်မှားစေရန် လားရှိုးမြို့အချို့နေရာများ၌ အလံလွှင့်ထူပြခြင်း၊ လားရှိုးမြို့ပေါ်အချို့နေရာများသို့ မော်တော်ယာဉ်များဖြင့် ဓာတ်ပုံ/ ဗီဒီယိုရိုက်ကူး၍ ဝါဒဖြန့်ခြင်းများလုပ်ဆောင်နေသည်ကို တိုင်းရင်းသားပြည်သူလူထု၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်နဲ့ နိုင်ငံတော်အတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအားလုံးက သိရှိထားရန်လို။
  • MNDAA, TNLA အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့မတရားကျူးကျော်ထားတဲ့ နယ်မြေများ တွင် လူမျိုးရေးခွဲခြားဆက်ဆံခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူလူထု၏ ပိုင်ဆိုင်မှုကို မတရားသိမ်းပိုက်ခြင်း၊ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းနှင့် အသက်အသေခံခိုင်းခြင်း များကို လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အချင်းချင်း နယ်မြေလုယူနေသည်ကို တွေ့ရှိရ။
  • မြို့ရွာများထဲသို့ အရပ်သားအယောင်ဆောင်၍ စိမ့်ဝင်လာသော အကြမ်းဖက်လောက်ကောင် များကို တိုင်းရင်းသားပြည်သူလူထု၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ လက်တွဲညီညီ သုတ်သင်ရှင်းလင်းရမည်ဖြစ်။

Add new comment

Switch to plain text editor