ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ကို ဇူလိုင်လ ၂၄ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

  • စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား စွမ်းအင် ကဏ္ဍဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ ရေနံရှာဖွေတူးဖော် ထုတ် လုပ်ရေးနှင့် ရေနံချက်လုပ်ရေးနည်းပညာများ သင်ယူနိုင်ရန်စေလွှတ်ရေး၊ စွမ်းအင်ကဏ္ဍနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ဝင်/ထွက် သွားလာနိုင်ရေးအတွက် ပြည်ဝင် ဗီဇာနှင့်နေခွင့်ဆိုင်ရာ ခွင့်ပြုဆောင်ရွက်ပေးမှု၊ နှစ်နိုင်ငံအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် အထူးသဖြင့် တမူး-မိုးရေး နယ်စပ်ဂိတ် အမြန်ပြန်လည် ဖွင့်လှစ်နိုင် ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့ထားသည့်စာရင်းအရ အိန္ဒိယနိုင်ငံသားများအား ရှာဖွေကူညီကယ်တင်ဆောင်ရွက်မှုနှင့် ရှာဖွေတွေ့ရှိသူများအား နှစ် နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ အရေးမယူဘဲပြန်လည် လွှဲပြောင်းဆောင်ရွက်ပေးမှု၊ အိန္ဒိယနိုင်ငံ၌ အောင်မြင်စွာဆောင်ရွက်နေသည့် Aadhaar စနစ်ကို နမူနာယူ၍ ဝန်ကြီးဌာနအနေဖြင့် e-ID စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မြန်မာ - အိန္ဒိယနှစ်နိုင်ငံအကြား လူဝင်မှုကြီး ကြပ်ရေးလုပ်ငန်းများနှင့် e-ID စနစ်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် နိုင်ရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
  • ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံ အစိုးရ-ပုဂ္ဂလိက ခရီးသွားမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ တိုက်ရိုက်လေကြောင်း လိုင်းပြေးဆွဲနေမှု၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများကို ခရီးသွားမြှင့်တင်ရေး ဗီဒီယိုများရိုက်ကူး၍ Social Media များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ အိန္ဒိယနိုင်ငံ ခရီးသွားလုပ်ငန်းနယ်ပယ်မှ ပုဂ္ဂိုလ်များကို မြန်မာ နိုင်ငံသို့ဖိတ်ခေါ်ပြီး ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်(FAM-Trip) များ ဖိတ်ခေါ်ဆောင်ရွက်မည့်အစီ အစဉ်များ၊ ခရီးသွားဧည့်သည်များ၏ ငွေကြေးလဲလှယ်သုံးစွဲမှု အဆင်ပြေစေရေးအတွက် ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၇-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံခဲ့ ပြီး နှစ်နိုင်ငံအကြား ရေနံရှာဖွေတူးဖော် ထုတ်လုပ်ရေးနှင့် ရေနံချက်လုပ်ရေးနည်းပညာများ သင်ယူနိုင်ရန်စေလွှတ်ရေး၊ အိန္ဒိယနိုင်ငံသားများအား ရှာဖွေကူညီကယ်တင်ဆောင်ရွက်မှုနှင့် ရှာဖွေတွေ့ရှိသူများအား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ အရေးမယူဘဲပြန်လည် လွှဲပြောင်း ဆောင်ရွက်ပေးမှု၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများကို ခရီးသွားမြှင့်တင်ရေး ဗီဒီယိုများရိုက်ကူး၍ Social Media များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့အား ဆွေးနွေးခဲ့။

Add new comment