မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(ဂ) ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲ(င)တို့အရ လူ့အခွင့်အရေးဖောက်ဖျောက်ကြောင်းတိုင်တန်းချက် သို့မဟုတ် စွပ်စွဲ ချက်နှင့်စပ်လျဉ်း၍လည်းကောင်း၊ လူမှုရေးဖောက်ဖျက်မှုဖြစ်ပွားသည့်နေရာသို့ သွားရောက်စစ်ဆေး ခြင်းနှင့် အကျဉ်းထောင်၊ အကျဉ်းစခန်းများ၊ ဌာနများသို့ အကြောင်းကြား၍ သွားရောက်စစ်ဆေးခြင်း များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်-
- ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ပေးပို့လာသည့် တိုင်တန်းချက် ၁၃၅ စောင် လက်ခံရရှိခဲ့ရာ ၎င်းတိုင်တန်းချက်များကို စုံစမ်း စစ်ဆေးရေးအဖွဲ့မှ အစည်းအဝေး (၂၅) ကြိမ်ကျင်းပ၍ စိစစ်ဆောင်ရွက်ခဲ့။
- တိုင်တန်းချက်များနှင့်စပ်လျဉ်း၍ လိုအပ်သကဲ့သို့ စိစစ်ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ ပြည်ထောင်ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ ပေးပို့ခဲ့ရာ လက်ခံရရှိသော ပြန်ကြားချက် များကို တိုင်တန်းသူ ကာယကံရှင်များထံသို့ ကော်မရှင်က ပေးပို့ပြန်ကြားပေးခဲ့။
- ကော်မရှင်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ အကျဉ်းထောင် ၅ ခု၊ အချုပ်ထောင် ၂ ခု၊ အကျဉ်းစခန်း ၇ ခု၊ ရဲစခန်းအချုပ်ခန်း ၁၂ ခု၊ တရားရုံးအချုပ်ခန်း ၁၃ ခု၊ လူငယ်သင်တန်းကျောင်း ၃ ခုနှင့် ဘိုးဘွားရိပ်သာ ၁၀ ခုတို့ကို ကော်မရှင်ဥပဒေနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့။
- အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးချိန်အတွင်း အကျဉ်းသား၊ အချုပ်သားတစ်ဦးချင်းစီအတွက် ရရှိသင့်သည့် အသုံးအဆောင်များရရှိမှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေရရှိမှုအခြေအနေစသည်တို့ကို မေးမြန်းခဲ့ပြီး တစ် ဦးချင်း လွတ်လပ်စွာတွေ့ဆုံတင်ပြလိုသော အကျဉ်းသား၊ အချုပ်သား စုစုပေါင်း ၃၃ ဦးတို့ ကိုလည်း ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ မေးမြန်းမှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့။
နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ဖောက်ဖျက်ခံရခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများဖောက်ဖျက်ခံရခြင်း၊ နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားသည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် များတွင် ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက်သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော်လည်းကောင်း၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ်(၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လိပ်မူ၍ မှတ်ပုံတင်စာဖြင့်ဖြစ်စေ၊ ကော်မရှင်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖက်စ်-၀၁၀၆၅၄၆၇၈၊ ကော်မရှင် website ဖြစ်သော https://mnhrc.org.mm မှတစ်ဆင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၅-၇-၂၀၂၄)
- မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုင်တန်းချက်များနှင့်စပ်လျဉ်း၍ လိုအပ်သကဲ့သို့ စိစစ်ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများသို့ ပေးပို့ခဲ့ရာ လက်ခံရရှိသော ပြန်ကြားချက်များကို တိုင်တန်းသူ ကာယကံရှင်များထံသို့ ပေးပို့ပြန်ကြားပေးခဲ့။
- ကော်မရှင်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ အကျဉ်းထောင် ၅ ခု၊ အချုပ်ထောင် ၂ ခု၊ အကျဉ်းစခန်း ၇ ခု၊ ရဲစခန်းအချုပ်ခန်း ၁၂ ခု၊ တရားရုံးအချုပ်ခန်း ၁၃ ခု၊ လူငယ်သင်တန်းကျောင်း ၃ ခုနှင့် ဘိုးဘွားရိပ်သာ ၁၀ ခုတို့ကို ကော်မရှင်ဥပဒေနှင့်အညီ စစ်ဆေးခဲ့။
- အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးချိန်အတွင်း တစ်ဦးချင်း လွတ်လပ်စွာတွေ့ဆုံတင်ပြလိုသော အကျဉ်းသား၊ အချုပ်သား စုစုပေါင်း ၃၃ ဦးတို့ကိုလည်း ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ မေးမြန်းမှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့။
Add new comment