နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အကြမ်းဖက်သမားအပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူ များအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ-
- ဇူလိုင်လ ၂၄ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ကယားပြည်နယ်၊ လွိုင် ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများအား ပြန်လည်လက်ခံကြိုဆို၍ လက်နက်/ခဲယမ်းများပါရှိပါက ဆုကြေးငွေများ ပေးအပ်လျက်ရှိကြောင်းနှင့် ဇူလိုင်လ ၂၄ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၅၉၂ ဦးနှင့် အမျိုးသမီး ၁၆၀ ဦး၊ စုစုပေါင်း ၇၅၂ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၇-၂၀၂၄)
- ဆီဆိုင်၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။
- ဇူလိုင်လ ၂၄ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် ၅၉၂ ဦးနှင့် အမျိုးသမီး ၁၆၀ ဦး၊ စုစုပေါင်း ၇၅၂ ဦးရှိပြီဖြစ်။
Add new comment