ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ် - တောင်အာရှ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်မိန့်ခွန်းပြောကြား

(၈)ကြိမ်မြောက် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၈)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန် သွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ်ကူမင်းမြို့၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသန်းဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ မစ္စတာတင်းကျုံ့လီ၊ သီရိလင်္ကာနိုင်ငံလွှတ်တော်ဥက္ကဋ္ဌ၊ လာအိုနိုင်ငံဒုတိယဝန်ကြီးချုပ်၊ မော်လ်ဒိုက် နိုင်ငံ ဒုတိယလွှတ်တော်ဥက္ကဋ္ဌနှင့် နီပေါနိုင်ငံဒုတိယလွှတ်တော်ဥက္ကဋ္ဌတို့ တက်ရောက်အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးချုပ် အဖွင့်မိန့်ခွန်း ပြောကြားရာတွင်-

  • မြန်မာနိုင်ငံသည် လူဦးရေ ၃ ဒသမ ၂ ဘီလီယံ အခြေချနေထိုင်လျက်ရှိသော အိမ်နီးချင်းနိုင်ငံ (၅) နိုင်ငံ၏အလယ်တွင်ရှိပြီး သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်ကြွယ်ဝသော အခြေခံ ကောင်းများရှိကာ အိန္ဒိယသမုဒ္ဒရာတွင် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်ထားသည့် နိုင်ငံ ဖြစ်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုအလား အလားအလွန် ကောင်းမွန်သော နိုင်ငံဖြစ်ကြောင်း။
  • တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပေါင်းစပ် ပေးနိုင်သည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားရန် ဖိတ်ခေါ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

အဆိုပါကုန်စည်ပြပွဲကို အရှေ့တောင်အာရှ ၁၀ နိုင်ငံနှင့် တောင်အာရှ ၈ နိုင်ငံတို့မှ အစိုးရ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ပြပွဲကို ဇူလိုင် ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိကာ နိုင်ငံပေါင်း ၈၂ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂,၀၀၀ ကျော်က ပြခန်းပေါင်း ၈၀၀ ကျော် နှင့်  မြန်မာနိုင်ငံမှ ကုမ္ပဏီ ၂၄ ခု က ပြခန်းပေါင်း ၂၆ ခု ပါဝင်ပြသလျက်ရှိပါသည်။

တရုတ်−တောင်အာရှကုန်စည်ပြပွဲကို တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား ကုန်သွယ် ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်စေရေးနှင့် ပြည်သူများအကြား ကူးလူးဆက်ဆံမှု ပိုမိုများပြား လာစေရေး ရည်ရွယ်ချက်များဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပခဲ့ပြီး ယခုနှစ်ကုန်စည်ပြပွဲကို “စည်းလုံးညီညွတ်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့် ကျင်းပလျက်ရှိကြောင်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၄ ရက်တွင် ကူမင်းမြို့မှမြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၇-၂၀၂၄)

  • တရုတ် - တောင်အာရှ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်က မြန်မာနိုင်ငံ သည် လူဦးရေ ၃ ဒသမ ၂ ဘီလီယံ အခြေချနေထိုင်လျက်ရှိသော အိမ်နီးချင်းနိုင်ငံ (၅) နိုင်ငံ ၏အလယ်တွင်ရှိပြီး သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်ကြွယ်ဝသော အခြေခံကောင်း များရှိကာ အိန္ဒိယသမုဒ္ဒရာတွင် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုအလား အလားအလွန်ကောင်းမွန်သော နိုင်ငံဖြစ်၍ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားရန် ဖိတ်ခေါ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့။

Add new comment