ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thushara Fernando ကို ဇူလိုင်လ ၂၄ ရက်တွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက် နိုင်ရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးထောက်ပံ့ပေးရေး၊ ကျန်းမာရေးဝန်ထမ်းများ စွမ်းဆောင် ရည်မြှင့်တင်ရေး၊ ပြည်သူ့ဆေးရုံကြီးများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်း  ဆောင်ရွက်ရေးနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေး ခဲ့ကြ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၇-၂၀၂၄)

 

  • ဒေါက်တာသက်ခိုင်ဝင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့်  ကျန်းမာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ပြည်သူ့ဆေးရုံကြီးများတွင် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင် ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့။

Add new comment