ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ပြည်တွင်းအလုပ်အကိုင် ၁,၄၉၁ ဦးအတွက် ဖန်တီးပေးနိုင်မည့်လုပ်ငန်းများ အတည်ပြုပေး

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၂၄ ရက်တွင် ရန်ကင်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ပြုလုပ် ခဲ့ပြီး အစည်းအဝေးတွင် ဟိုတယ်ဝန်ဆောင်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခု တို့ကို အတည်ပြုပေးခဲ့ပါသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ငွေကျပ် ၁,၂၁၀ သန်းနှင့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၀၄ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁,၄၉၁ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၇-၂၀၂၄)

  • ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးတွင် ပြည်တွင်းအလုပ်အကိုင် ၁,၄၉၁ ဦးအတွက် ဖန်တီးပေးနိုင်မည့်လုပ်ငန်းများ အတည်ပြုပေးခဲ့။

Add new comment