စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့သည် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့်နည်းပညာဆိုင် ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (BIMSTEC) အတွင်းရေးမှူးချုပ် သံအမတ်ကြီး အင်ဒရာမာနီပန်ဒေး (Ambassador Indra Mani Pandey) ကို ဇူလိုင်လ ၂၃ ရက်တွင် နေပြည်တော် ရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် ဘင်းမ်စတက် လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (Action Plan) တွင် ပါဝင်သည့် ထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့် ကောင်းများ တိုးမြှင့်ရေး၊ လယ်ယာကဏ္ဍဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေ ရေး၊ လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးအားကောင်းလာစေရေး၊ စားရေရိက္ခာ ဖူလုံရေးနှင့် အာဟာရပြည့်ဝစေရေးစသည့် လုပ်ငန်းအစီအစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့။
- ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တွေ့ဆုံစဉ် ဘင်းမ်စတက်ဒေသ တွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဒေသတွင်းပေါင်းစည်းဆက်သွယ်မှု (Connectivity) ကောင်းမွန် လာခြင်းဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍ များ၊ ဆက်သွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍများအနေဖြင့် အနာဂတ်ဘင်းမ်စတက်ဒေသ တွင်း ပူးပေါင်းဆောင်ရွက်ရေးတွင် အဓိကအရေးပါမှုရှိသည့်အခြေအနေများကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
- နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တွေ့ဆုံစဉ် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု ယန္တရားများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး ဒေသ တွင်း စားနပ်ရိက္ခာဖူလုံရေး၏ အရေးကြီးမှုကိုလည်း အလေးထားဆွေးနွေးခဲ့သည့်အပြင် ဘင်းမ်စတက် အနာဂတ်ဦးတည်ချက်များဆိုင်ရာ ထင်ပေါ်ကျော်ကြားပညာရှင်များအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဘင်းမ်စတက်၏ ပင်မနှင့် ကဏ္ဍအလိုက် အစည်းအဝေးများ ပုံမှန် ကျင်းပသွားရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့။
သံအမတ်ကြီး အင်ဒရာမာနီပန်ဒေးသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ ဘင်းမ်စတက်၏ (၄) ဦးမြောက် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ အတွင်းရေးမှူးချုပ်သည် အခြားသော ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများသို့လည်း မိတ်ဆက်ခရီးစဉ်များ သွားရောက်ခဲ့ပြီးဖြစ် ပါသည်။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင် ရွက်မှုအစီအစဉ် (Bay of Bengal Initiative for Multi - Sectoral Technical and Economic Cooperation - BIMSTEC) သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည့် ဒေသတွင်း အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းစ သည့် အဖွဲ့ဝင် (၇) နိုင်ငံ ပါဝင်သည်။
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင် နိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဘင်းမ်စတက်၏ လက်ရှိပူးပေါင်းဆောင်ရွက်မှုကဏ္ဍ ခုနစ်ခုရှိသည့်အနက် မြန်မာနိုင်ငံသည် ဘင်းမ်စတက် “လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံ ရေးကဏ္ဍ” ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၇-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးများ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံခဲ့ပြီး ဘင်းမ်စတက် လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက်၊ မြန်မာနိုင်ငံ၏ ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍများ၊ ဆက်သွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍများအနေဖြင့် အနာဂတ်ဘင်းမ်စတက်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတွင် အဓိကအရေးပါမှုရှိသည့် အခြေ အနေများ၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၏ အရေးကြီးမှုတို့အား အလေးထားဆွေးနွေးခဲ့။
Add new comment