နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ် ရေးစခန်းများနှင့် နယ်စပ်ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ-
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၁၂ ရက်အထိ သုံးလကျော်ကာလအတွင်း ပဲမျိုးစုံ တင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၇၁၈,၁၆၀ ဒသမ ၁၄ တန်၊ နယ်စပ်မှ ၂၅,၁၉၄ ဒသမ ၀၅၃ တန်၊ စုစုပေါင်း ၇၄၃,၃၅၄ ဒသမ ၁၉၃ တန် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၄၅၄ သန်းရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာကာလအတွင်း ပျားရည် တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးမှ မက်ထရစ်တန် ၅၁၇ ဒသမ ၃၁ တန်နှင့် နယ်စပ် ကုန်သွယ်ရေးမှ မက်ထရစ်တန် ၂၇ တန် စုစုပေါင်း ပျားရည်မက်ထရစ်တန် ၅၄၄ ဒသမ ၃၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၆ သန်းရရှိခဲ့။
တရုတ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်များ အကြမ်းဖက်သောင်းကျန်းသူများ၏ နှောင့်ယှက် တိုက်ခိုက်မှုကြောင့် ရပ်ဆိုင်းနေသော်လည်း ပင်လယ်ရေကြောင်းလမ်းမှ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၇-၂၀၂၄)
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၁၂ ရက်အထိ သုံးလကျော်ကာလအတွင်း ပဲမျိုးစုံ တင်ပို့မှုအနေဖြင့် စုစုပေါင်း ၇၄၃,၃၅၄ ဒသမ ၁၉၃ တန် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၄၅၄ သန်းရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာကာလအတွင်း ပျားရည် တင်ပို့မှုအနေဖြင့် ပျားရည်မက်ထရစ်တန် ၅၄၄ ဒသမ ၃၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၆ သန်းရရှိခဲ့။
Add new comment