နိုင်ငံတော်အစိုးရမှ အီဂျစ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် နိုင်ငံသားများ အခက်အခဲကြုံတွေ့ နေရပါက မည်သို့သောအခြေအနေ ကြုံတွေ့ရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုး ထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မအေးသီရိမိုးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ကိုင်ရိုမြို့ရှိ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လှိုက်လှဲဝမ်းသာစွာဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၇-၂၀၂၄)

  • နိုင်ငံတော်အစိုးရက အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အခက်အခဲကြုံ တွေ့နေရသော မြန်မာနိုင်ငံ သူတစ်ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့။

Add new comment