ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၂ ရက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Intercontinental Hotel ၌ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေး မှူးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယွိပေါ်က တည်ခင်းဧည့်ခံသည့် (၈) ကြိမ်မြောက် တရုတ် - တောင်အာရှကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/ သွင်းကုန်ပြပွဲ အကြိုညစာစားပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယဝန်ကြီး မစ္စစ် စွန်းဟိုင်ယန်နှင့် အဖွဲ့အား တွေ့ဆုံစဉ် မြန်မာ−တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုမြှင့်တင်ရေး၊ အထူးသဖြင့် နယ်စပ်ဒေသများတွင် တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုနှင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုကိစ္စရပ်များ တိုက်ဖျက်ရေးတို့တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပိုမို ပူးပေါင်းဆောင်ရွက်သွားရေးစသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၇-၂၀၂၄)
- ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဒုတိယဝန်ကြီး မစ္စစ် စွန်းဟိုင်ယန်နှင့် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုမြှင့်တင်ရေး၊ အထူး သဖြင့် နယ်စပ်ဒေသများတွင် တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက် ကားမှုနှင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုကိစ္စရပ်များ တိုက်ဖျက်ရေးတို့တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပိုမို ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့။
Add new comment