ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီအနေဖြင့် ဇွန်လ ၂၀ ရက်အထိ ၁၇ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၇ ပါတီ ရှိပြီ ဖြစ်ပါသည်။
ယနေ့အထိမှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၅၀ ပါတီဖြစ်ပြီး ယင်း ၅၀ ပါတီအနက် မှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သည့်ပါတီ ၂ ပါတီရှိသဖြင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၄၈ ပါတီ၊ အသစ်လျှောက်ထားသည့်ပါတီ ၁၇ ခုတွင် မှတ်ပုံတင်ခွင့် စိစစ်ဆဲပါတီ ၆ ပါတီရှိပြီး၊ တည်ထောင်ခွင့် စိစစ်ဆဲ ၂ ပါတီ၊ မှတ်ပုံတင်ခွင့် ငြင်းပယ် ၆ ပါတီ၊ တည်ထောင်ခွင့် ငြင်းပယ် ၃ ပါတီတို့ ဖြစ်ပါသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံ တင်ပေးပါရန် ပြည်သူ့အင်အားပါတီ ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရပါသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်းနှင့် ပါတီဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထား သည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၇-၂၀၂၄)
- နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူ့အင်အားပါတီ၏ ပါတီဆက်လက်တည်ထောင်ခွင့် လျှောက်ထားချက်အ ပေါ် ငြင်းပယ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၂၂ ရက်တွင် ထုတ်ပြန်။
- ယခင်ရှိပြီး ပါတီ ၉၀ အနက် ပြန်လည်လျှောက်ထား ၅၀ ပါတီမှ ပယ်ဖျက် ၂ ပါတီရှိသဖြင့် လက် ရှိတည်ဆဲ ၄၈ ပါတီရှိပြီး အသစ်လျှောက်ထားဆဲပါတီ ၁၇ ပါတီ အနက် စိစစ်ဆဲ ၈ ပါတီ၊ ငြင်းပယ် ၉ ပါတီရှိပြီဖြစ်။
Add new comment