ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ဇူလိုင်လတွင် အကြမ်းဖက်သောင်းကျန်းသူများ ဖြစ်သည့် MNDAA ၊ TNLA အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ ပစ်ခတ်မှု ကြောင့် မြို့တွင်းကျရောက်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့၍ ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်လန့် မှုများဖြစ်ပြီး လားရှိုးမြို့၌နေထိုင်ရန် မဖြစ်တော့၍ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ ဒေသခံ ပြည်သူမိသားစုဝင်များ ယာယီနေရပ်စွန့်ခွာလာကြပါသည်။
ဇူလိုင်လ ၂၁ ရက်နှင့် ၂၂ ရက်တွင် လားရှိုးမြို့မှ နေရပ်စွန့်ခွာပြည်သူများအား ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စားနပ်ရိက္ခာပစ္စည်းများနှင့် ငွေများ ထောက်ပံ့၍ အားပေးစကား ပြောကြားခဲ့ပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ ယာယီနေရပ်စွန့်ခွာလာသော ဒေသခံပြည်သူ မိသားစုဝင်များကို တောင်ကြီးမြို့ မဟာယနဘုရားရှိခိုးကျောင်း၊ တရုတ်နှစ်ခြင်းခရစ်ယာန်ကျောင်း၊ ကိုးကန့်တရုတ်ဘုံကျောင်း၊ ရှမ်းပိဋကတ်ကျောင်းတို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား နေရာ ထိုင်ခင်းအိပ်ဆောင်၊ စားသောက်စရာများ၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၇-၂၀၂၄)
- လားရှိုးမြို့မှ နေရပ်စွန့်ခွာပြည်သူများအား ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စားနပ်ရိက္ခာပစ္စည်းများနှင့် ငွေများ ထောက်ပံ့ခဲ့။
Add new comment