၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန -၂ ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ဂုဏ်ထူးရှင်တို့ ဂုဏ်ပြုစို့” တေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကားပြောကြားရာတွင်-
- “ပညာ”ဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြား နိုင်သည့် “အသိဉာဏ်” ရရှိစေကြောင်း၊ နိုင်ငံသားတိုင်း “အသိဉာဏ်ပညာ” ပြည့်စုံမှသာ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် “စစ်မှန်သည့် အင်အား” တစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း။
- ယခင်နှစ်များက ယခုကဲ့သို့ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဦးစီးဌာနအဆင့်ထိသာ ဆုချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံး ဘာသာစုံ ဂုဏ်ထူးရရှိသူအားလုံးကို “နိုင်ငံတော်အဆင့်” “ပထမအကြိမ်” ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ကြောင်း နှင့် ယနေ့တွင် ဘာသာစုံဂုဏ်ထူးရှင် (၅၀၇) ဦးကို ရွှေစင်ငါးမူးသား ဒင်္ဂါးပြားများနှင့် ထိုက်ထိုက် တန်တန် ဂုဏ်ပြုချီးမြှင့်ပေးမည်ဖြစ်ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ဘာသာတွဲအလိုက် ရမှတ်အများဆုံး ရရှိခဲ့သည့် ကျောင်းသားများကို ဒေသန္တရဗဟုသုတများရရှိရန်၊ မိမိနိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန် ပြည်တွင်းလေ့လာရေး ခရီးစဉ်သာမက နိုင်ငံတကာအတွေ့အကြုံများ ရရှိစေရန် ပြည်ပလေ့လာရေးခရီးစဉ်များကိုပါစေလွှတ်ခဲ့ကြောင်း။
- စာသင်ခန်းကရသည့်ပညာသည် သညာသိဖြစ်ပြီး သညာသိလောက်ဖြင့် ဘဝတွင်မလုံလောက်နိုင် သည့်အတွက် တော်နေရုံမျှနှင့်မပြီးစေဘဲ သညာသိကနေ ပညာသိဖြစ်လာအောင် မိမိအတွက်၊ မိသားစုအတွက်၊ လူ့အဖွဲ့အစည်းအတွက်၊ နိုင်ငံတော်အတွက် တန်ဖိုးမြင့် လူသားများ၊ ပညာရှင်များ၊ ပါရဂူများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း။
- “ပြည့်အင်အားဟာပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း နိုင်ငံ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် ဝိဇ္ဇာနှင့် သိပ္ပံနယ်ပယ် (၂) ခုလုံးတွင် ကျွမ်းကျင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များလိုအပ်သောကြောင့် လူငယ်များအနေဖြင့် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ် (၂) ခု လုံးကို တန်ဖိုးထားလေ့လာကြရန် တိုက်တွန်းလိုကြောင်း။
- မျက်မှောက်ကာလသည် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာရာကို ဖန်တီးနိုင်နေပြီဆိုသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာကို မျက်ခြည်မပြတ် လေ့လာကြရမည် ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံသည် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ပြီး နောက်ကျမကျန် ရစ်မည်ဖြစ်ကြောင်း။
- လူငယ်များအနေဖြင့် ဘဝတွင်အောင်မြင်တိုးတက်ရန်အတွက် စည်းကမ်းရှိရန်၊ ဥပဒေများကို လေးစားလိုက်နာတတ်ရန်လည်းလိုကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် စည်းကမ်းများ၊ ဥပဒေများကို လေးစားလိုက်နာမှသာ အပြစ်အနာအဆာကင်းပြီး တန်ဖိုးရှိသည့် နိုင်ငံ့သားကောင်း များအဖြစ် နိုင်ငံကိုအကျိုးပြုနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ဆုရကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြား ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက “လူချွန်လူကောင်း” တေးသရုပ်ဖော်တင်ဆက်မှုဖြင့် လည်းကောင်း၊ “မြန်မာ့ကျောင်း” တေးသီချင်းကိုသီဆို၍ လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာ ကြသူများက ကြည့်ရှုအားပေးခဲ့ကြပါသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တစ်နိုင်ငံလုံးအမှတ်အများဆုံး ကျောင်းသား၊ ကျောင်းသူ ၃၁ ဦးနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဘာသာစုံဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၇-၂၀၂၄)
- “ပညာ”ဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြား နိုင်သည့် “အသိဉာဏ်” ရရှိစေနိုင်၊ နိုင်ငံသားတိုင်း “အသိဉာဏ်ပညာ” ပြည့်စုံမှသာ နိုင်ငံ့ အကျိုးသယ်ပိုးနိုင်သည့် “စစ်မှန်သည့် အင်အား” တစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်။
- ယခင်နှစ်များက ယခုကဲ့သို့ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဦးစီးဌာနအဆင့်ထိသာ ဆုချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံး ဘာသာစုံ ဂုဏ်ထူးရရှိသူအားလုံးကို “နိုင်ငံတော်အဆင့်” “ပထမအကြိမ်” ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်၊ ယနေ့တွင် ဘာသာစုံဂုဏ်ထူးရှင် (၅၀၇) ဦးကို ရွှေစင်ငါးမူးသား ဒင်္ဂါးပြားများနှင့် ထိုက်ထိုက် တန်တန် ဂုဏ်ပြုချီးမြှင့်ပေးမည်ဖြစ်။
- လူငယ်များအနေဖြင့် ဘဝတွင်အောင်မြင်တိုးတက်ရန်အတွက် စည်းကမ်းရှိရန်၊ ဥပဒေများကို လေးစားလိုက်နာတတ်ရန်လည်းလို၊ နိုင်ငံတော်က ချမှတ်ထားသည့် စည်းကမ်းများ၊ ဥပဒေ များကို လေးစားလိုက်နာမှသာ အပြစ်အနာအဆာကင်းပြီး တန်ဖိုးရှိသည့် နိုင်ငံ့သားကောင်း များအဖြစ် နိုင်ငံကိုအကျိုးပြုနိုင်မည်ဖြစ်။
Add new comment