ပြည်တွင်း ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ

 

 

          ပြည်တွင်း ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖက်ဒရယ်လား/အကြမ်းဖက်လား ခေါင်းစဉ် ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၂၁ ရက်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ကျင်းပခဲ့ပါသည်။

  • ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက နိုင်ငံကို မတည် မငြိမ်ဖြစ်အောင် တိုက်ပွဲများ ဖော်ဆောင်နေမှုသည် NCA ကို ဖောက်ဖျက်သောအဖွဲ့များ ဖြစ်ကြောင်း၊ အကြမ်းဖက်မှုကို အားပေးကူညီခြင်း၊ ငွေကြေး ထောက်ပံ့ခြင်းသည် ပြည်တွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုပျက်စီးစေကြောင်း၊ ယခုလို လက်နက်ကိုင်ပစ်ခတ်တိုက်ခိုက်နေမှုသည် ဖက်ဒရယ်စနစ်ကို အကြောင်းပြပြီး အကြမ်းဖက်မှုလုပ်ရပ်သာဖြစ်ပြီး အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု များကြောင့် ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးရသဖြင့် အတိဒုက္ခရောက်နေရကြောင်း၊ နိုင်ငံတော်က ရွေးကောက်ပွဲ ပြုလုပ်ရန် ကြေညာထားပြီးဖြစ်၍ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ပြီး လွှတ်တော် ပေါ်ပေါက်လာပါက မိမိတို့လိုအပ်ချက်ကို ညှိနှိုင်းဆွေးနွေးတောင်းဆိုနိုင်ကြောင်း၊
  • အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည်က အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုများကြောင့် တိုင်းရင်းသားများ၊ ပြည်သူများနှင့် နိုင်ငံတော်လုံခြုံရေးတာဝန် ထမ်း ဆောင်နေကြသူများ ထိခိုက်သေဆုံးနေရကြောင်း၊ လက်နက်ကိုင်၍ နယ်မြေများစိုးမိုးလာ ခြင်းသည် NCA သဘောတူညီမှု ချိုးဖောက်ခြင်းသာဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးလမ်းစဉ်ကို သွေဖည်ခြင်းဖြစ်၍ တိုင်းပြည်ထိခိုက်နစ်နာနိုင်မှုကို အလေးထားစဉ်းစားရန်လိုကြောင်း၊ အကြမ်း ဖက်လုပ်ရပ်များကြောင့် တိုင်းရင်းသားအချင်းချင်း သွေးကွဲမှုမှသည် တိုင်းပြည်အစိတ်စိတ် အမြွှာမြွှာ ကွဲသွားနိုင်သည်ကို အထူးသတိပြုသင့်ကြောင်း၊
  • နိုင်ငံရေးသုတေသီ ဦးအောင်ဖြိုးကျော်က တိုင်းရင်းသား လက်နက်ကိုင်များသည် ဖက်ဒရယ် ကို သွားနေသည်ဟုဆိုသော်လည်း လက်နက်ကိုင်၍ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ကိုသာ တွေ့ရှိရကြောင်း၊ ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရ ပူးပေါင်းဆောင်ရွက် မှုသည် ဖက်ဒရယ်လမ်းစဉ်ဖြစ်၍ အောင်မြင်မှုရရှိခဲ့သည်ကို ၂၀၁၀-၂၀၁၅ တွင် တွေ့မြင်ခဲ့ရ မည်ဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များသည် ဖက်ဒရယ်ကိုအကြောင်းပြပြီး ၎င်းတို့အကျိုး စီးပွားအတွက် ဆောင်ရွက်နေသူများဖြစ်ကြောင်း၊
  • သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့ ဒေါက်တာနိုင်ဆွေဦးက လက်နက်စွဲကိုင်ပြီး အစိုးရကို တိုက်ခိုက်ခြင်း၊ ပြည်သူကို သတ်ဖြတ်ခြင်းသည် ဖက်ဒရယ်စနစ်ကို လိုလားသူများမဟုတ်ဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖျက်ဆီးခြင်းသာဖြစ်ကြောင်း၊ တိုက်ခိုက်သတ်ဖြတ်၍ နယ်မြေများရယူခြင်းသည် အကြမ်းဖက်လုပ်ရပ်သာဖြစ်ပြီး ပြည်သူများ ထိခိုက်နစ်နာပြီး တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ပျက်စီးဆုံးရှုံးအောင် လုပ်ဆောင်နေသော အကြမ်းဖက်သမားများ အား ဆန့်ကျင်ရှုတ်ချပြီး တပ်မတော်နှင့်အတူ ပူးပေါင်းလက်တွဲကာကွယ်သွားရန် လိုအပ် ကြောင်း ဆွေးနွေးပြောကြားခဲ့။

          အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့မှ ဦးသိန်းထွန်းဦးက ညှိနှိုင်းဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး နိုင်ငံရေးပါတီများမှဥက္ကဋ္ဌနှင့် ပါတီဝင်များ၊ အမျိုးသားရေး အဖွဲ့များ၊ စိတ်ပါဝင် စားကြသည့် ပြည်သူများနှင့် ပြည်တွင်း/ပြည်ပမီဒီယာများ တက်ရောက်ခဲ့ကြ ကြောင်းသိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၇-၂၀၂၄)

  • အကြမ်းဖက်မှုကို အားပေးကူညီခြင်း၊ ငွေကြေးထောက်ပံ့ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကိုပျက်စီးစေ။
  • နိုင်ငံတော်က ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာထားပြီးဖြစ်၍ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ပြီး လွှတ်တော်ပေါ်ပေါက်လာပါက မိမိတို့လိုအပ်ချက်ကို ညှိနှိုင်းဆွေးနွေးတောင်းဆိုနိုင်။
  • လက်နက်ကိုင်၍ နယ်မြေများ စိုးမိုးလာခြင်းသည် NCA သဘောတူညီမှု ချိုးဖောက်ခြင်းသာ ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးလမ်းစဉ်ကို သွေဖည်ခြင်းဖြစ်၍ တိုင်းပြည်ထိခိုက်နစ်နာနိုင်မှုကို အလေးထား စဉ်းစားရန်လို။
  • အကြမ်းဖက်လုပ်ရပ်များကြောင့် တိုင်းရင်းသားအချင်းချင်း သွေးကွဲမှုမှသည် တိုင်းပြည် အစိတ် စိတ်အမြွှာမြွှာ ကွဲသွားနိုင်သည်ကို အထူးသတိပြုသင့်။
  • လက်နက်စွဲကိုင်ပြီး အစိုးရကိုတိုက်ခိုက်ခြင်း၊ ပြည်သူကို သတ်ဖြတ်ခြင်းသည် ဖက်ဒရယ် စနစ်ကို လိုလားသူများမဟုတ်ဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖျက်ဆီးခြင်းသာဖြစ်။
  • ပြည်သူများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ပျက်စီးဆုံးရှုံးအောင် လုပ်ဆောင် နေသော အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပြီး တပ်မတော်နှင့်အတူ ပူးပေါင်း လက်တွဲကာကွယ်သွားရန်လို။

 

Add new comment