ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

လက်ရှိတွင် ကယားပြည်နယ်၊ လွိုင်ကော်ဒေသသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ် သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ အဆက်မပြတ် ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိ ပြီး လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင်လ ၂၁ ရက်တွင် လွိုင်ကော်မြို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည်-

  • အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်ဆောင်ရွက်မှုကြောင့် လွိုင်ကော် လေဆိပ်အတွင်း ပျက်စီးခဲ့မှုများအား ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး၊ လေဆိပ် အတွင်း ပြည်သူများ လုံခြုံစိတ်ချစွာ ခရီးသွားနိုင်ရေးအတွက် စနစ်တကျ ပြင်ဆင် ဆောင်ရွက် ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့။
  • နောင်ယား(က) ရပ်ကွက် ကန္ဒရဝတီလမ်းမကြီးတစ်လျှောက် လျှပ်စစ်မီးတိုင် များ စိုက်ထူခြင်း နှင့် လျှပ်စစ်ဓာတ်ကြိုးများ သွယ်တန်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ ပြည်သူများ လျှပ်စစ်လို အပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး အမြန်ဆုံးကြိုးပမ်းပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားခဲ့။
  • ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ဂိုဒေါင်သို့ သွားရောက်၍ အစိုးရပိုင်ယာဉ်ယန္တရားများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာဉ်ယန္တရားများ ကြံ့ခိုင်မှုရှိစေရေးနှင့် ပျက်စီးနေသော ယာဉ်ယန္တရား များအား အမြန်ဆုံးပြုပြင်ပြီး လုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရေးနှင့် ရုံးအတွင်း သန့်ရှင်းသပ်ရပ် မှုရှိစေရေး မှာကြားခဲ့။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများသည် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်နှင့် တောင်သူများအား မျိုးစပါး၊ ယူရီးယားမြေဩဇာ၊ စပါး တိုက်ရိုက်အစေ့ချကိရိယာ(Drum Seeder) အခမဲ့ပေးအပ်ထောက်ပံ့ခြင်းနှင့် သရုပ်ပြအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၇-၂၀၂၄)

  • ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၁ ရက်တွင် အကြမ်းဖက် သောင်းကျန်းသူများ၏ အဖျက်အမှောင့်ဆောင်ရွက်မှုကြောင့် လွိုင်ကော်လေဆိပ်အတွင်း ပျက်စီးခဲ့မှုများအား ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ နောင်ယား(က) ရပ်ကွက် ကန္ဒရ ဝတီလမ်းမကြီးတစ်လျှောက် လျှပ်စစ်မီးတိုင်များ စိုက်ထူခြင်းနှင့် လျှပ်စစ်ဓာတ်ကြိုးများ သွယ် တန်းနေမှု၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ဂိုဒေါင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့။

 

 

 

 

 

 

 

 

 

 

 

Add new comment