တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာ စေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာဖြစ်သည့် RFA Burmese မှ တင်ထားသော မင်းလှမြို့နယ်ရှိ ဆားချောင်း ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် နေအိမ် ၃၀ ခန့် မီးလောင်ပျက်စီးခဲ့ ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ ၎င်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ခဲ့သည့် တောင်ယာတဲတစ်လုံး အတွင်းမှ လက်လုပ်သေနတ် ၁ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် DVB TV News မှတင်ထားသော မော်လမြိုင်ကျွန်းမြို့တွင် စစ်မှု ထမ်းဆောင်ရန် အမည်စာရင်းပါဝင်ပြီး လာရောက်သတင်းပို့ခြင်းမရှိသည့် လူငယ် ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်း အမှားဖြစ်ပြီး ၎င်းမြို့တွင် အဆိုပါကဲ့သို့ စစ်မှုထမ်းဆောင်ရန် လာရောက်သတင်းပို့ပျက် ကွက်သူများမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှတင်ထားသော မင်းကင်းမြို့နယ်ရှိ တုမရ ကျေးရွာမှ ပြည်သူ ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ ၎င်းကျေးရွာရှိ အပြစ်မဲ့ပြည်သူ ၆ ဦးကို PDF အကြမ်းဖက်သမားများက ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှတင်ထားသော ချောက်မြို့နယ်ရှိ ကတိုင် ကျေးရွာမှ ပြည်သူ ၁ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ကျေးရွာအတွင်းမှ ရွှေ၊ ငွေနှင့် မော်တော်ယာဉ်များကို ယူဆောင်သွားခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှား ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသာရှိကြောင်း သိရှိရ။
နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ် ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုးမျိုးသော မဟုတ်မမှန်ကောလာဟလသတင်း အမှားများကို အွန်လိုင်းပေါ်မှ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၇-၂၀၂၄)
- ဆားချောင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် နေအိမ် ၃၀ ခန့် မီးလောင်ပျက် စီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
- မော်လမြိုင်ကျွန်းမြို့တွင် စစ်မှုထမ်းဆောင်ရန် အမည်စာရင်းပါဝင်ပြီး လာရောက်သတင်းပို့ခြင်း မရှိသည့် လူငယ် ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
- တုမရကျေးရွာမှ ပြည်သူ ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ ၎င်းကျေးရွာရှိ အပြစ်မဲ့ပြည်သူ ၆ ဦးကို PDF အကြမ်းဖက်သမားများက ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခဲ့ခြင်းသာဖြစ်။
- ကတိုင်ကျေးရွာမှ ပြည်သူ ၁ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ကျေးရွာအတွင်းမှ ရွှေ၊ ငွေနှင့် မော်တော်ယာဉ်များကို ယူဆောင်သွားခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
Add new comment