နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဇူလိုင်လ ၁၆ ရက်တွင် ပေါက်ကွဲ သံများဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လယ်ဝေးမြို့နယ်၊ ကြံခင်းကျေးရွာနှင့် ကန်သာကျေးရွာအနီး၌ ရှော့တိုက်ဒုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား တွေ့ရှိရပြီး လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိ ကြောင်း သိရှိရပါသည်။

အဆိုပါဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေမှုများကို ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ အောင်စေတနာကျေးရွာအနီး၌ ရှော့တိုက်ဒုံးပစ်ခတ်ပြီး ပျက်စီးနေသည့် ဒုံးပစ်စင် ၄ ခုနှင့် ပစ်ခတ်ရန်အသင့်တပ်ဆင်ထားသည့် ဒုံးပစ်စင် ၃ ခုတို့အား တွေ့ရှိခဲ့ရသဖြင့် ပစ်ခတ်ခြင်း မရှိသေးသည့် ဒုံးသီးများအား စနစ်တကျ သက်မဲ့ပြုလုပ်ခဲ့နိုင်ပါသည်။  

အဆိုပါဖြစ်စဉ်အား အစိုးရဆန့်ကျင်ရေး ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်သတင်းများမှ တစ်ဆင့် PDF အကြမ်းဖက်သမားများက အေလာလေဆိပ်အား တိုက်ခိုက်နိုင်ခဲ့ပြီး လေယာဉ်များ ထိခိုက်ပျက်စီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၁၆ ယောက်ခန့်သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့‌ကြောင်း သတင်းအမှားများ လွှင့်တင်ခဲ့ကြောင်းတွေ့ရှိရပါသည်။

ရှော့တိုက်ဒုံးပစ်ခတ်ရာတွင် ပါဝင်သူအကြမ်းဖက်သမားနှစ်ဦးဖြစ်သည့် လယ်ဝေးမြို့နယ်၊ သာဝတ္တိ နေ ပြည့်ဖြိုးအောင်(ခ)နောက်စေ့ နှင့် သက်ခိုင်ထွန်း(ခ)ကိုသက်တို့အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေး ချက်များအရ ဆက်စပ်သူ ၁၅ ဦးအား လိုအပ်သော စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၇-၂၀၂၄)

  • နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမား ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်များအရ ဆက်စပ်သူ ၁၅ ဦးအား လိုအပ်သော စစ်ဆေးမှုများဆောင်ရွက်လျက်ရှိ။
  • ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်သတင်းများမှ တစ်ဆင့် PDF အကြမ်းဖက်သမားများက အေလာလေဆိပ်အား တိုက်ခိုက်နိုင်ခဲ့ပြီး လေယာဉ်များ ထိခိုက်ပျက်စီးခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ ၁၆ ယောက်ခန့်သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့‌ကြောင်း သတင်းအမှားများ လွှင့်တင်ခဲ့။

 

 

 

Add new comment