PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်းမှစ၍ မန္တလေး တိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ စဉ့်ကူးမြို့ ဝန်းကျင်ရှိ လုံခြုံရေးတပ်စခန်းများကိုတိုက်ခိုက်ခြင်း၊ မြို့အတွင်းသို့ဝင်ရောက်ပြီး မြို့နယ်ရဲတပ်ဖွဲ့ စခန်းနှင့် လုံခြုံရေးဆောင်ရွက်နေသောနေရာများကို တိုက်ခိုက်ခြင်းများ၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအားမီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာ သူဒေသခံများ၏နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ပါသည်။
၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် စဉ့်ကူးမြို့မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး အဆိုပါလုပ်ရပ်များကို လက်မခံနိုင်သော ဒေသခံပြည်သူများက မိမိတို့၏ရပ်ရွာလုံခြုံရေးအတွက် မြို့၊ ရွာ ကာကွယ်ရေးအဖွဲ့များဖွဲ့စည်း၍ တပ်မတော်အနေဖြင့်လည်း လိုအပ်သည့် မြို့၊ ရွာကာကွယ်ရေးအဖွဲ့များ အပါအဝင် ပြင်ဆင် လေ့ကျင့်ခြင်းနှင့် လိုအပ်သည့်စုဖွဲ့မှုများကို ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၉ ရက်တွင် စဉ့်ကူးနယ်မြေ အတွင်းသို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့မှ စနစ်တကျအဆင့်ဆင့် ခြေကုတ်ယူ၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူ ချီတက်တိုက်ခိုက်ခဲ့ခြင်းဖြင့် စဉ့်ကူးမြို့အား ဇူလိုင်လ ၂၀ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် စဉ့်ကူးမြို့အတွင်းသို့ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လူနေ အိမ်များအား အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်း အဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ဆောင်ရွက်ခဲ့ရကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စဉ့်ကူးမြို့နှင့်အနီးပတ်ဝန်းကျင် တစ် ဝိုက်အား လိုအပ်သည့်လုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၇-၂၀၂၄)
- စဉ့်ကူးမြို့အတွင်းဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများအား တပ်မတော်အနေဖြင့် ရေလမ်းကြောင်း၊ ကုန်းလမ်း ကြောင်းတို့မှ စနစ်တကျအဆင့်ဆင့် ခြေကုတ်ယူ၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများရယူ ချီတက်တိုက်ခိုက်ခဲ့ခြင်းဖြင့် စဉ့်ကူးမြို့အား ဇူလိုင်လ ၂၀ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့။
- PDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ဆောင်ရွက်ခဲ့။
Add new comment