ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပထမဆုံးအကြိမ် ရိုးတွင်းခြင်ဆီအစားထိုးကုသမှု အောင်မြင်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန ရိုးတွင်းခြင်ဆီအစားထိုးကုသမှုဌာန၌ ဇူလိုင်လ ၁၈ ရက်တွင် ပထမဆုံးအကြိမ် ရိုးတွင်းခြင်ဆီအစားထိုးကုသမှု အောင်မြင်စွာ ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် တာ ဝန်ရှိသူများနှင့်အတူ ပထမဆုံးရိုးတွင်းခြင်ဆီ အစားထိုးကုသမှု အောင်မြင်စွာခံယူပြီးခဲ့သော ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့၊ မဒေးကျွန်းရွာမှ လူနာ ဒေါ်စန်းအေး၊ အသက်(၅၈)နှစ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး၊ မြင်းမူမြို့၊ ထီးဆောင်းရွာမှ လူနာ ဦးမြင့်အောင်၊ အသက်(၅၈)နှစ်တို့ လူနာ နှစ်ဦးအား သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး ကျန်းမာရေးအခြေအနေများကို မေးမြန်း ကာ လိုအပ်သည်များမှာကြားခဲ့ပါသည်။ လက်ရှိတွင် လူနာနှစ်ဦး၏ကျန်းမာရေးအခြေအနေမှာ တည် ငြိမ်ကောင်းမွန်ပြီး ဇူလိုင်လ ၁၉ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ခြင်ဆီကင်ဆာရောဂါဝေဒနာခံစားနေရသော လူနာများကို ပထမ ဆုံးရိုးတွင်းခြင်ဆီအစားထိုးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမှာ ကျွမ်းကျင်ပညာရှင်များ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် လိုအပ်ချက်များ အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းခဲ့ပေးမှုများကြောင့် အောင် မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဆေးပညာလောကအတွက် သမိုင်းမှတ်တိုင်တစ်ရပ်စိုက်ထူနိုင်ခဲ့ကြောင်း နှင့် ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်ကုသရန် မလိုအပ်ဘဲ ပြည်တွင်းတွင် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် လူနာများ၏ ကုန်ကျမှုများစွာ သက်သာနိုင်တော့မည် ဖြစ်ကြောင်းနှင့် လူနာများ၏ Quality of Life ကို ပြန်လည်ရရှိနိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၇-၂၀၂၄)

  • ကျွမ်းကျင်ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များ အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းခဲ့ပေးမှုများကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဇူလိုင်လ ၁၈ ရက်တွင် ပထမဆုံးအကြိမ် ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးပညာလောကအတွက် သမိုင်းမှတ်တိုင်တစ်ရပ်စိုက်ထူနိုင်ခဲ့။
  • ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်ကုသရန် မလိုအပ် ဘဲ ပြည်တွင်းတွင် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် လူနာများ၏ ကုန်ကျမှုများစွာ သက်သာနိုင် တော့မည်ဖြစ်ကြောင်းနှင့် လူနာများ၏ Quality of Life ကို ပြန်လည်ရရှိနိုင်ခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်။

 

 

 

 

 

 

 

 

 

 

 

 

Add new comment