ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြု

၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်ဂါရဝပြုခဲ့ ပါသည်။

အဆိုပါအခမ်းအနားတွင်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် အဖွဲ့ဝင်များနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအား    ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည်  ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး၊ (၇၇)နှစ် မြောက်အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေ ချ၍ အလေးပြုခဲ့။
  • ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် တိုင်ဝက်သို့ လျှော့ချလွှင့်ထူပြီး ဂုဏ်ပြုတပ်ဖွဲ့က သေနတ်မြှောက်၍ လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော်အလေးပြုခရာမှုတ်၍ လည်းကောင်း အလေးပြုကြပြီး ၂ မိနစ် ငြိမ်သက်စွာ မေတ္တာပို့သ အမျှပေးဝေခဲ့။
  • အာဇာနည်ခေါင်းဆောင်ကြီး ‌ဗိုလ်ချုပ်အောင်ဆန်း၏ သားအကြီး ဖြစ်သူ ဦးအောင်ဆန်းဦးနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာ ပို့သအမျှပေးဝေခဲ့။
  • ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မှတ်ပုံတင်ခွင့်ပြုထားသည့် ရန်ကုန်အခြေစိုက် နိုင်ငံရေး ပါတီများမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ နှင့် သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ရုံးများမှ ဌာနေကိုယ်စား လှယ် များသည်  ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်း အမှတ်ဂူဗိမာန်၌လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့။
  • မြန်မာနိုင်ငံလူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့။
  • (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ရဟန်းရှင်လူ များ၊ ကျောင်းသားကျောင်းသူများ၊ အများပြည်သူများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ စနစ်တကျတန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသောအားဖြင့် ဂါရဝပြုခဲ့။

၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက်အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူခဲ့ကြပြီး အာဇာနည် ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မြန်မာအသံနှင့်ရုပ်မြင် သံကြားက ဥဩဆွဲအချက်ပေးခဲ့ကြောင်းနှင့်အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ အတွင်း ဝန်ရုံး(ယခင်ဝန်ကြီးများရုံး)များသို့ အများပြည်သူများကလည်း လာရောက်ဂါရဝပြုလေ့လာခဲ့ကြ ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၇-၂၀၂၄)

  • ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြသူများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေ ကိုချ၍ အလေးပြုခဲ့။

 

 

 

 

 

 

 

 

 

 

 

 

 

 

Add new comment