မြန်မာ-ရုရှား စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံဖလှယ်ခြင်း ဆွေးနွေးပွဲပြုလုပ်

 

မြန်မာ-ရုရှား စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံဖလှယ်ခြင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၇ ရက်တွင် နေပြည်တော်ရှိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၌ ကျင်းပပြု လုပ်ရာ မြန်မာ့တပ်မတော်မှ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင် နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး ဌာနအောက်ရှိ ပင်မတပ်မတော်ဆေးဘက်ဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ Major General Denis Vladimirovich DAVYDOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

  • ဆွေးနွေးပွဲတွင် စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံများအား အပြန်အလှန် သုံးသပ်ဆွေးနွေးခြင်း၊ ဆေးဘက်ဆိုင်ရာသုတေသန ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊ ဆေးပညာရပ်ဆိုင်ရာ အဆင့်မြင့်သင် တန်းများ စေလွှတ်တက်ရောက်နိုင်ရေးကိစ္စရပ်များ၊ စစ်ဘက်ဆေးပညာရပ်ဆိုင်ရာသင်ကြားရေး နှင့် လေ့ကျင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆေးတပ်ဖွဲ့များအကြား ဆေးဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့။
  • ရုရှားတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့သည် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကုသမှု ဌာနသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့။
  • ရုရှားတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးအား ဂါရဝပြုတွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ စစ်ဘက် ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။  

ရုရှားတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက် နှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက်များသို့ သွားရောက်လေ့လာခဲ့ကြပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီးအား သွားရောက်လေ့လာဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရှိရ ပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၇-၂၀၂၄)

  • မြန်မာ-ရုရှား စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံဖလှယ်ခြင်း ဆွေးနွေးပွဲပြုလုပ် ခဲ့ပြီး ဆေးပညာရပ်ဆိုင်ရာ အဆင့်မြင့်သင်တန်းများ စေလွှတ်တက်ရောက်နိုင်ရေး၊ စစ်ဘက် ဆေးပညာရပ်ဆိုင်ရာ သင်ကြားရေးနှင့် လေ့ကျင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံဆေးတပ်ဖွဲ့များအ ကြား ဆေးဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့။
  • ရုရှားတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက် နှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက်များသို့ သွားရောက်လေ့လာခဲ့ကြပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သွားရောက်လေ့လာဖူးမြော်ကြည်ညိုခဲ့။

 

Add new comment