ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့်အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဇူလိုင်လ ၁၆ ရက်တွင်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဇူလိုင်လ ၁၇ ရက်တွင်လည်းကောင်း နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနများ၌ သီးခြားစီတွေ့ဆုံခဲ့ရာ-
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့်တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အကြား ပူးပေါင်းဆောင်ရွက်နေသည့် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း များတွင် သင်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNFPA တို့အကြား လုပ်ငန်းအစီအစဉ် ရေးထိုးဆောင်ရွက်နိုင်ရေးနှင့် လူသားချင်းစာနာမှုလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် UNFPA ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၇-၂၀၂၄)
- တွေ့ဆုံပွဲများတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင် သင်ကြားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် လူသားချင်းစာနာမှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
Add new comment