PDF အမည်ခံအကြမ်းဖက်သမားများက ဇူလိုင်လ ၁၇ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အနောက်တောင်ဘက်တွင်ရှိသော အောင်သာကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက် ငယ်များ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းကျောင်းအုပ်ဆရာမကြီး ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ဆရာမ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့ပြင် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ ကျေးရွာများနှင့် လူနေအဆောက်အဦများအား လက်လုပ်စိန်ပြောင်း များဖြင့် မဆင်မခြင်ပစ်ခတ်ခြင်း၊ Drone များအသုံးပြု၍ ဗုံးကျဲချခြင်းများ လုပ်ဆောင်ခဲ့ခြင်းတို့ ကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူများ သေဆုံး/ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များကြောင့် ၎င်းတို့၏ လုပ်ရပ်များကို ဒေသခံပြည်သူလူထုမှ လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချလျက်ရှိကြောင်းနှင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များမှ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၇-၂၀၂၄)
- PDF အမည်ခံအကြမ်းဖက်သမားများက ပခုက္ကူမြို့၊ အောင်သာကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းအုပ်ဆရာမကြီးအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံး၊ ဆရာမ ၁ ဦး ဒဏ်ရာရရှိခဲ့။
Add new comment