ပြည်ထောင်စုဝန်ကြီးများ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအား လက်ခံတွေ့ဆုံ

ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်တို့သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာတော့မည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski ကို ဇူလိုင်လ ၁၆ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ရာ-

  • ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် IOM ၏လုပ်ငန်းစဉ်များနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ။
  • ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်နှင့်တွေ့ဆုံစဉ်  နိုင်ငံအသီးသီးတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရေး၊ လူမှုကာကွယ် စောင့်ရှောက်မှုပေးနိုင်ရေး၊ IOM နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် MoU လက်မှတ်ရေးထိုးရေးကိစ္စရပ်များနှင့် အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့ ပူးပေါင်းပြီး နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းသွားလာခြင်း စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ IOM ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၇-၂၀၂၄)

 

 

  • ပြည်ထောင်စုဝန်ကြီးများ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံ ဆိုင်ရာအကြီးအကဲနှင့် မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်လျက်ရှိသည့် IOM ၏ လုပ်ငန်းစဉ် များနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့ ပူးပေါင်းပြီး နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းသွားလာခြင်း စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးခဲ့။

Add new comment