နိုင်ငံတော်အစိုးရက ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် နိုင်ငံသားများအခက် အခဲကြုံတွေ့ နေရပါက မည်သို့သောအခြေအနေကြုံတွေ့ရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုး ထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံး ပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့၊ Ras AI Khaimah ပြည်နယ်နှင့် ဒူဘိုင်းမြို့တို့တွင်  အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ  မသက်သက်လင်းနှင့် မလင်းလင်းဇော်နှင့် မဇူးဇူးလှိုင်တို့အား  အမိ နိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာပြည်နယ်ရဲတပ်ဖွဲ့နှင့်  လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသား အကျိုးစီးပွား မြှင့်တင်ရေးဝန်ကြီးဌာနတို့မှ အာဏာပိုင်များနှင့်ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ရန်ကုန်မြို့သို့ရောက်ရှိခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လှိုက်လှဲဝမ်းသာ စွာဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၇-၂၀၂၄)

  • နိုင်ငံတော်အစိုးရက ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့၊ Ras AI Khaimah ပြည်နယ်နှင့် ဒူဘိုင်းမြို့တို့တွင်  အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသူ ၃ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် ပေးနိုင်ခဲ့။

 

Add new comment