အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur အား ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက် တို့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီး ဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာစီမံကိန်းများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ် လျဉ်း၍ ဆွေးနွေးခဲ့။
- ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ ဘဏ်နှင့်ငွေရေးကြေးရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် စပ်လျဉ်း သည့် ငွေပေးချေမှု၊ ချေးငွေ၊ နည်းပညာအကူအညီပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာ သင်တန်းများပံ့ပိုးပေးနိုင်မှုကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများပိုမိုတိုးမြှင့်ရေး၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် အိန္ဒိယ ရူပီး/မြန်မာကျပ် တိုက်ရိုက်ငွေပေး ချေမှု နည်းလမ်းဖြင့် လက်ရှိဆောင်ရွက်နေသည့် ကုန်သွယ်မှုတွင် ပိုမိုအကျိုးရှိစေနိုင်သော ကိစ္စရပ်များနှင့် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ကတ်စနစ်/မိုဘိုင်းပေးချေမှုဖြင့် ငွေပေး ချေမှုလုပ်ငန်းများ ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့။
တွေ့ဆုံပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၇-၂၀၂၄)
- အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံခဲ့ပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ များ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ရေး၊ ဘဏ်နှင့်ငွေရေးကြေးရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့်စပ်လျဉ်းသည့် ငွေပေးချေမှု၊ ချေးငွေ၊ နည်းပညာအကူအညီပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများပံ့ပိုးပေးနိုင် မှုကိစ္စရပ်များကို ဆွေး နွေးခဲ့။
Add new comment