နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ် ရေးစခန်းများနှင့် နယ်စပ်ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ-
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာကာလအတွင်း ငါးမျိုးစုံ တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၃၄,၇၄၂ ဒသမ ၄၅၂ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၇၅၉သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၂၆,၆၃၀ ဒသမ ၂၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၅၂ သန်းရရှိသည့်အတွက် ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန် ၆၁,၃၇၂ ဒသမ ၇၄၂ တန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၄၁၁ သန်းရရှိခဲ့။
- ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန် ၃၅,၂၀၀ ဒသမ ၁၆၂ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၀၄ သန်းရရှိခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်တွင် ၂၆,၁၇၂ ဒသမ ၅၈ တန်ပိုမိုတင်ပို့နိုင်ကာ၂၃ ဒသမ ၃၇၁ သန်း ပိုမိုရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၂၈ ရက်အထိ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုအနေ ဖြင့် ပုဂ္ဂလိကတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၃၉၃ ဒသမ ၀၃၁ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက အမေရိကန်ဒေါ်လာ ၈၄၃ ဒသမ ၆၀၅ သန်းရရှိခဲ့သဖြင့် ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၄၉ ဒသမ ၄၂၆ သန်း ပိုမိုရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၂၆ ရက်အထိ ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ် လာ ၅၁၆ ဒသမ ၄၈၆ သန်းတန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် ၆၀၁,၂၈၉ ဒသမ ၇၀၂ တန်နှင့် နယ်စပ် ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၉၇၄ သန်းတန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် ၂၃,၇၃၀ ဒသမ ၃၁၃ တန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၃၆ ဒသမ ၄၆ သန်းတန်ဖိုးရှိ ပဲမျိုးစုံ ၆၂၅,၀၂၀ ဒသမ ၀၁၅ တန်တင်ပို့ခဲ့။
တရုတ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်များ အကြမ်းဖက်သောင်းကျန်းသူများ၏ နှောင့်ယှက် တိုက်ခိုက်မှုကြောင့် ရပ်ဆိုင်းနေသော်လည်း ပင်လယ်ရေကြောင်းလမ်းမှ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၇-၂၀၂၄)
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးလတာကာလအတွင်း ငါးမျိုးစုံ တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၆၁,၃၇၂ ဒသမ ၇၄၂ တန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၄၁၁ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်တွင် ၂၆,၁၇၂ ဒသမ ၅၈ တန်ပိုမိုတင်ပို့နိုင်ကာ၂၃ ဒသမ ၃၇၁ သန်း ပိုမိုရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၂၈ ရက်အထိ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုအနေ ဖြင့် အမေရိကန်ဒေါ်လာ ၁,၃၉၃ ဒသမ ၀၃၁ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၅၄၉ ဒသမ ၄၂၆ သန်း ပိုမိုရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၂၆ ရက်အထိ အမေရိကန်ဒေါ်လာ ၅၃၆ ဒသမ ၄၆ သန်းတန်ဖိုးရှိ ပဲမျိုးစုံ ၆၂၅,၀၂၀ ဒသမ ၀၁၅ တန်တင်ပို့ခဲ့။
Add new comment