ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် လူနာအချို့ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ် ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၅ ရက် ည ၆ နာရီမှ ဇူလိုင်လ ၁၆ ရက် ည ၆ နာရီအထိ (၂၄) နာရီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ လူနာသစ် ၇၄ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၅ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူလူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန် လျက်ရှိကြောင်း တွေ့ရှိရပါသည်။
ဇူလိုင်လ ၁၆ ရက်တွင် ရောဂါသက်သာပျောက်ကင်းသည့်လူနာ ၉၂ ဦးအား ဆေးရုံမှဆင်း ခွင့်ပြုခဲ့သဖြင့် ဇူလိုင်လ ၁၆ ရက်အထိ ဆေးရုံဆင်းလူနာစုစုပေါင်း ၇၀၅ ဦးပြီးဖြစ်ပါသည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထား ပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၇-၇-၂၀၂၄)
- ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇူလိုင်လ ၁၅ ရက် ည ၆ နာရီမှ ဇူလိုင်လ ၁၆ ရက် ည ၆ နာရီအထိ (၂၄) နာရီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် ၇၄ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၅ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူလူနာများဖြစ်ပြီး လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိ။
- ဇူလိုင်လ ၁၆ ရက်တွင် ရောဂါသက်သာပျောက်ကင်းသည့်လူနာ ၉၂ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ သဖြင့် ဇူလိုင်လ ၁၆ ရက်အထိ ဆေးရုံဆင်းလူနာစုစုပေါင်း ၇၀၅ ဦးပြီးဖြစ်။
Add new comment