ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့်အဖွဲ့ကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ဇူလိုင်လ ၁၅ ရက်တွင်လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဇူလိုင်လ ၁၆ ရက်တွင်လည်းကောင်း နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနများ၌ သီးခြားစီတွေ့ဆုံခဲ့ရာ-
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့တို့အကြား လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံသို့ လာရောက်သည့် UNFPA မှ နိုင်ငံခြားသားဝန်ထမ်းများကို ပြည်ဝင်ဗီဇနှင့် နေခွင့်ဆိုင်ရာ ခွင့်ပြုဆောင်ရွက်ပေးမှု၊ ဝန်ကြီး ဌာနအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် ရရှိသော လူဦးရေကိန်းဂဏန်းအချက်အလက်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်မည့်အခြေအနေ၊ ဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများတွင် UNFPA အနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၇-၂၀၂၄)
- တွေ့ဆုံပွဲများတွင် မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့တို့အကြား လက်ရှိဆောင်ရွက် နေသည့်ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာလုပ်ငန်းများတွင် UNFPA အနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
Add new comment