မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှု စတင်ဆောင်ရွက်

 

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေး နည်းလမ်းအသစ်တစ်ခုအဖြစ် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး (ရန်ကုန်-ကော့သောင်း-ရနောင်း) နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) ကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှု ဆောင်ရွက်ခွင့်ကို သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ ၁/၂၀၂၄ ဖြင့် ထုတ်ပြန်အသိပေးထားပါသည်။

  • အဆိုပါကုန်သွယ်မှုနည်းလမ်းဖြင့် တင်ပို့၊ တင်သွင်းမှုများကို ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်အထိ ပို့ကုန်လိုင်စင် ၁၅ စောင် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄ သန်းကျော်ဖိုးနှင့် သွင်းကုန်လိုင်စင် ၅၉၈ စောင် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၆ သန်းကျော်ဖိုးကို ခွင့်ပြုထားပြီဖြစ်။
  • လုပ်ငန်းစတင်ဆောင်ရွက်မှုအနေဖြင့် ကွန်တိန်နာသင်္ဘောနှစ်စင်းသည် ရန်ကုန်ဆိပ်ကမ်းမှ ပြောင်းဖူးစေ့၊ သန့်စင်ပြီး ခဲသတ္ထုနှင့် အဝတ်အထည်များ တင်ဆောင်၍ ထွက်ခွာခဲ့ရာ ကော့သောင်း ကုန်သွယ်ရေးစခန်း၌ စစ်ဆေးခံပြီး ရနောင်းသို့ ဆက်လက်ထွက်ခွာခဲ့၊ ရနောင်းဆိပ်ကမ်းတွင် ကုန်ချခြင်း၊ သွင်းကုန်များကို တင်ဆောင်ခြင်းများ ပြုလုပ်၍ ရနောင်းမှ ပြန်လည်ထွက်ခွာခဲ့။

မြန်မာ-ထိုင်း-နယ်စပ်ကုန်သွယ်မှု (ရန်ကုန်-ကော့သောင်း-ရနောင်း) နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) ကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာသင်္ဘောနှစ်စင်းဖြင့် ကုန်သွယ်မှု ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် သင်္ဘာများ ဆက်လက်၍ ထွက်ခွာရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၇-၂၀၂၄)

  • မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး (ရန်ကုန်-ကော့သောင်း-ရနောင်း) နှင့် (ရနောင်း-ကော့သောင်း -ရန်ကုန်) ကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှု စတင်ဆောင်ရွက်။
  • အဆိုပါကုန်သွယ်မှုနည်းလမ်းဖြင့် တင်ပို့၊ တင်သွင်းမှုများကို ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်အထိ ပို့ကုန်လိုင်စင် ၁၅ စောင် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄ သန်းကျော်ဖိုးနှင့် သွင်းကုန်လိုင်စင် ၅၉၈ စောင် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၆ သန်း ကျော်ဖိုးကို ခွင့်ပြုထားပြီဖြစ်။

 

 

 

 

 

 

Add new comment