ဂျီနီဗာမြို့တွင် ဇွန်လ ၁၈ ရက်မှ ဇူလိုင်လ ၁၂ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေး ကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာဆွေးနွေးပွဲများကို သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့ပြီး ယင်းသည် ကောင်စီ၏ အခြေခံမူများဖြစ်သည့် အပြုသဘော ဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစသည်တို့နှင့် သွေဖည်လျက်ရှိသည့်အတွက် လူ့ အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်-
- မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက ပံ့ပိုးပေးရန် မေတ္တာရပ်ခံသည့် အချက်အလက်များအား ထောက်ပံ့ပေးခဲ့သော်လည်း မဟာမင်းကြီး၏ အစီရင်ခံစာနှင့် တင်ပြ ချက်တွင် လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်သမားများ၏ ပြောကြားချက်များကိုသာ အလေးပေးဖော်ပြခဲ့။
- တိုင်းရင်းသားအရေးနှင့် ဘာသာရေးဆိုင်ရာတင်းမာမှုများဖြစ်စေသော အေအေ အကြမ်းဖက် အဖွဲ့၏ ဒေသခံလူထုအပေါ် ကြီးလေးသော ကျူးလွန်မှုများအား အစီရင်ခံစာတွင် လျှော့ပေါ့ ဖော်ပြထားသည်ကို တွေ့ရှိရ။
- မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံ တင်ပြချက်များသည် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းက ဖယ်ကြဉ်ရန် သိသာစွာ ဦးတည်နေ။
- အပြန်အလှန်ဆွေးနွေးပွဲတွင် အထူးအစီရင်ခံစာတင်သွင်းသူသည် အဖျက်အမှောင့်သတင်း မီဒီယာများ၊ တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များနှင့် NUG နှင့်ဆက်နွယ်သော အကြမ်းဖက် PDF အဖွဲ့များ၏ စွပ်စွဲမှုများနှင့် ပုံဖော်ပြောဆို ဝါဒဖြန့်မှုများကိုသာ သံယောင် လိုက်ပြောဆိုခဲ့။
- အကြမ်းဖက်အဖွဲ့အစည်းများကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ အပြစ်မဲ့အရပ်သား ၇,၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီးဖြစ်။
- အထူးအစီရင်ခံစာတင်သွင်းသူသည် တရားမဝင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို ရှုတ်ချရမည့်အစား ယင်းအဖွဲ့အစည်းများနှင့် ထိတွေ့ ဆောင်ရွက်ရန် နိုင်ငံတကာကို တိုက်တွန်းလျက်ရှိရာ ပြည်သူအားလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေ။
- အထူးအစီရင်ခံစာတင်သွင်းသူက ထုတ်ပြန်ထားသည့် တာဝန်မဲ့သော အစည်းအဝေးစာရွက် စာတမ်းများတွင် တရားဝင်ဘဏ်လုပ်ငန်းများသည် စစ်ရေးလှုပ်ရှားမှုများကို ထောက်ပံ့နေ သယောင် လွဲမှားစွာဖော်ပြထားရာ အထင်အမြင်လွဲမှားမှုများ နက်ရှိုင်းစွာဖြစ်ပေါ်စေ။
- အိုအိုင်စီက မကြာသေးမီက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုအပါအဝင် ယခင်လူ့အခွင့် အရေးကောင်စီအစည်းအဝေးများ၌ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုအသီးသီးသည် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်၏ အဓိက အကြောင်းရင်းကို ဖော်ပြရန် ပျက်ကွက်ခဲ့။
- အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများက မေတ္တာရပ်ခံသည့် ကွင်းဆင်းလေ့လာရေး၊ ခရီးသွားလာရေးနှင့် ဝန်ထမ်းများ နေရာရွှေ့ပြောင်းရေးတို့ကို အတတ်နိုင်ဆုံး ကူညီဆောင် ရွက်ပေးလျက်ရှိ။
- မြန်မာနိုင်ငံက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ ဆက်ဆံရာတွင် ဘက်မလိုက်ရေးအခြေခံမူများကို ကျင့်သုံးရန်နှင့် နိုင်ငံ၏အချုပ်အခြာအာဏာကို သေးသိမ်စေပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းဖော်ဆောင်ရေးတို့ အတွက် စစ်မှန်သည့် ကြိုးပမ်းမှုများကို ဟန့်တားခြင်းမပြုရန် တောင်းဆိုခဲ့။
လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူတို့၏ အပြန်အလှန်ဆွေးနွေးပွဲများနှင့် အိုအိုင်စီက တင်သွင်းသည့် ဆုံးဖြတ် ချက်အဆိုတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်အသီးသီးကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့တို့၏ အင်တာနက်စာမျက်နှာများတွင် လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၆-၇-၂၀၂၄)
- မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက ပံ့ပိုးပေးရန် မေတ္တာရပ်ခံသည့် အချက်အလက်များအား ထောက်ပံ့ပေးခဲ့သော်လည်း မဟာမင်းကြီး၏ အစီရင်ခံစာနှင့် တင်ပြချက်တွင် လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်သမားများ၏ ပြောကြားချက်များကိုသာ အလေးပေး ဖော်ပြ။
- တိုင်းရင်းသားအရေးနှင့် ဘာသာရေးဆိုင်ရာတင်းမာမှုများဖြစ်စေသော အေအေ အကြမ်းဖက် အဖွဲ့၏ ဒေသခံလူထုအပေါ် ကြီးလေးသော ကျူးလွန်မှုများအား အစီရင်ခံစာတွင် လျှော့ပေါ့ ဖော်ပြထားသည်ကို တွေ့ရှိရ။
- အပြန်အလှန်ဆွေးနွေးပွဲတွင် အထူးအစီရင်ခံစာတင်သွင်းသူသည် အဖျက်အမှောင့်သတင်းမီဒီယာများ၊ တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များနှင့် NUG နှင့်ဆက်နွယ်သော အကြမ်းဖက် PDF အဖွဲ့များ၏ စွပ်စွဲမှုများနှင့် ပုံဖော်ပြောဆို ဝါဒဖြန့်မှုများကိုသာ သံယောင်လိုက်ပြောဆိုထား။
- မြန်မာနိုင်ငံက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ဆက် ဆံရာတွင် ဘက်မလိုက်ရေးအခြေခံမူများကို ကျင့်သုံးရန်နှင့် နိုင်ငံ၏အချုပ်အခြာအာဏာကို သေးသိမ်စေပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးတို့အတွက် စစ်မှန်သည့် ကြိုးပမ်းမှုများကို ဟန့်တားခြင်းမပြုရန် တောင်းဆို။
Add new comment