ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံသို့တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (China International Development Cooperation Agency-CIDCA) ၏ ဖိတ်ကြားချက် အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့၌ ဇူလိုင်လ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယ အကြိမ် အဆင့်မြင့်ညီလာခံ (Second High-Level Conference of the Forum on Global Action for Shared Development) ကို တက်ရောက်ခဲ့ပါသည်-

  • ဇူလိုင်လ ၁၁ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ဖွင့်ပွဲအခမ်းအနား အပိုင်း - ၁ ၏ ရေရှည်စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုများ (Joint Actions to Promote the Sustainable Development) ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးအနေဖြင့် အီဂျစ်နိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ တန်ဇန်းနီး ယားနိုင်ငံ၊ ပါပူအာနယူးဂီနီနိုင်ငံတို့မှ ဝန်ကြီးများ၊ အာရှအခြေခံအဆောက်အအုံ ရင်းနှီး မြှုပ်နှံမှုဘဏ် (AIIB) မှ ဒုတိယဥက္ကဋ္ဌ၊ အမေရိကန် ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်မှ ဆင်းရဲမှုပပျောက်ရေးပညာရှင် (ပါမောက္ခ/ညွှန်ကြားရေးမှူး) တို့နှင့်အတူ ပါဝင်ဆွေးနွေးခဲ့။
  • ဇူလိုင် ၁၂ ရက်တွင် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး အပါအဝင် နိုင်ငံအသီးသီးမှ အဆင့်မြင့်ကိုယ်စားလှယ် ၁၄ ဦးတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီအကြိမ် (၂၀) မြောက် ဗဟိုကော်မတီနိုင်ငံရေးဗျူရို၏ အမြဲတမ်းပါတီအဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီဒုတိယဝန်ကြီးချုပ် H.E. Mr. Ding Xuexiang အားတွေ့ဆုံ၍ တရုတ် ပြည်သူ့သမ္မတ နိုင်ငံက ဦးဆောင်နိုင်ငံအဖြစ်ဆောင်ရွက်မည့် ကမ္ဘာ့ဖွံ့ဖြိုးမှုနှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုမျှဝေရေးဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • ဇူလိုင်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံအား ဖိုရမ်ခွဲ ၅ ခု ဖြစ်သည့်- ကမ္ဘာ့တောင်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ခေတ်မီဖွံ့ဖြိုးမှုကိုမြှင့်တင်ခြင်း - လမ်းကြောင်းသစ်၊ အမြင်သစ်၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန် ဆန်းသစ်သော နည်းလမ်းများဆိုင်ရာဆွေးနွေးပွဲ - ပိုမိုကောင်းမွန်သော အနာဂတ်အတွက် နိုင်ငံ၊ ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်ချက်များ၊ စွမ်းအင်အကူးအပြောင်းနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု။
  • အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် ကဏ္ဍစုံမှပါဝင်ချိတ်ဆက် ဆောင်ရွက်မှု - စဉ်ဆက်မပြတ် မိတ်ဖက်ဆောင်ရွက်မှုမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာတိုးတက်မှု ဖြစ်စေရေးနှင့် မျိုးဆက်များစည်းလုံးခြင်း - ဒစ်ဂျစ်တယ်ခေတ် ကမ္ဘာလုံးဆိုင်ရာ လူငယ်များ ၏ တာဝန်များမျှဝေခြင်း ခေါင်းစဉ်တို့ဖြင့် ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးခဲ့။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (China International Development Cooperation Agency - CIDCA) ဥက္ကဋ္ဌ H.E. Mr. Luo Zhaohui နှင့် တွေ့ဆုံစဉ် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်  CIDCA ဒုတိယဥက္ကဋ္ဌ Mr. Yang Weiqun ဦးဆောင်သော အဖွဲ့နှင့် နှစ်နိုင်ငံဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်မှု လုပ်ငန်းစဉ်နှင့် လုပ်ဆောင်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဇူလိုင်လ ၁၄ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၇-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ဖွံ့ဖြိုးမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုမျှဝေရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးမှုမျှဝေ ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံ အား ဖိုရမ်ခွဲ ၅ ခု နှင့်ပတ်သတ်သည့် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment