KNPP ၊ KNDF အဖွဲ့များနှင့် PDF အကြမ်းဖက်သမားများအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ မြို့တော်ဖြစ်သည့် ပြည်နယ်အစိုးရ ရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ လူနေအဆောက် အဦများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာအဆောက်အဦများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လျက်ရှိရာ-
- ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်သည့် (၇၁) နှစ်မြောက် ကယားပြည်နယ် နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနေစဉ်အတွင်း အများပြည်သူများ ထိခိုက်သေကျေစေရန် ရည်ရွယ် ချက်ဖြင့် လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးခဲ့။
- နိုဝင်ဘာလ ၁၃ ရက်၌ လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပညာရေးဆိုင်ရာဝန်ထမ်းအချို့နှင့် ကျောင်းသား၊ ကျောင်း သူအချို့တို့အား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့။
- ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမော့ဆိုးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်၊ စခန်းများအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက် ခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူ နေအိမ်များ၊ ဈေးများနှင့် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူနေအိမ်အဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦ များနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အဦများအား အကာအကွယ်ရယူ၍ ပစ်ခတ် တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့။
- အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့်ဒေသများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်း ဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဇန်နဝါရီလ ၂၉ ရက်မှစ၍ အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ဆီဆိုင်- လွိုင်ကော်လမ်းကြောင်း (၄၂) မိုင်အား မေလ ၂၉ ရက်တွင် ပြန်လည်တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့။
- ဇွန်လ ၁၄ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့ မှုကြောင့် ပျက်စီးခဲ့ရသည့် မြို့၊ ရွာများအတွင်း အပျက်အစီးများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မိုင်းရှင်းလင်းရေးလုပ် ငန်းများဆောင်ရွက်ခဲ့။
- တပ်မတော်စစ်ကြောင်းများအနေဖြင့် လွိုင်ကော်မြို့အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် ရန်ကျန်ရှိသည့် နေရာများအား ဇွန်လ ၁၆ ရက်မှစ၍ ဆက်လက်ဆောင်ရွက်ခဲ့ရာ နာနတ် တောရပ်ကွက်၊ နောင်ယား(က)ရပ်ကွက်၊ တေးငှားလျားရပ်ကွက်၊ နောင်ယား(ခ)ရပ်ကွက်၊ တောင်ကွဲစေတီ၊ စိန့်မာတင်ဘုရားကျောင်း၊ ယဉ်ကျေးမှုပြတိုက်၊ စက်မှုလက်မှုသိပ္ပံကျောင်း၊ ပြည်နယ်အစိုးရရိပ်သာ၊ ပြည်နယ်အဆင့်ဝန်ကြီးဌာနရုံးများနှင့် အရေးကြီးအဆောက်အဦများ၊ လွိုင်ကော်လေဆိပ်အပါအဝင် ဇူလိုင်လ ၁၁ ရက်တွင် လွိုင်ကော်တက္ကသိုလ်တစ်ခုလုံးကိုလည်း ရှင်းလင်းရေးဆောင်ရွက်နိုင်ခဲ့ကာ လွိုင်ကော်မြို့အတွင်းရှိ စာသင်ကျောင်းများအနက် အချို့သော ကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့။
- ဇူလိုင်လ ၄ ရက်တွင် အကြမ်းဖက်သမားများက လွိုင်ကော်မြို့အတွင်းသို့ လက်နက်ကြီး များဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ လောဓမ္မရပ်ကွက်၊ နမ့်ဘော်ဝမ်(က) ရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်၊ ကျောက်တောင်ရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူတစ်ဦး သေဆုံး ခဲ့ရကာ ကလေးငယ် ၄ ဦးအပါအဝင် စုစုပေါင်းဒေသခံပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။
- လွိုင်ကော်မြို့နှင့် အနီးပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများအပါအဝင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းတို့ကို အင်တိုက်အားတိုက် ဝိုင်းဝန်း ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၁၃ ရက်တွင် ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
လက်ရှိတွင် ကယားပြည်နယ်၊ လွိုင်ကော်ဒေသသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ် သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ အဆက်မပြတ် ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိ ပြီဖြစ်ကြောင်းနှင့် လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၄)
- KNPP ၊ KNDF အဖွဲ့များနှင့် PDF အကြမ်းဖက်သမားများက လွိုင်ကော်မြို့နှင့် အနီးဝန်းကျင် တစ်ဝိုက်၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ လူနေအဆောက်အဦများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာအဆောက်အဦများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ် ရပ်မျိုးစုံကို လုပ်ဆောင်ခဲ့သည့်အပြင် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပညာရေးဆိုင်ရာဝန်ထမ်းအချို့နှင့် ကျောင်းသား၊ ကျောင်းသူအချို့တို့အား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့။
- အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့်ဒေသများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်း ဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဇန်နဝါရီလ ၂၉ ရက်မှစ၍ အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ဆီဆိုင်- လွိုင်ကော်လမ်းကြောင်း (၄၂) မိုင်အား မေလ ၂၉ ရက်တွင် ပြန်လည်တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့။
- လွိုင်ကော်မြို့နှင့် အနီးပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများအပါအဝင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းတို့ကို အင်တိုက်အားတိုက် ဝိုင်းဝန်း ဆောင်ရွက်ပေးလျက်ရှိ။
- လက်ရှိတွင် ကယားပြည်နယ်၊ လွိုင်ကော်ဒေသသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ် အေးချမ်းလာပြီ ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ အဆက်မပြတ် ပြန်လည်ဝင်ရောက်နေထိုင် လျက်ရှိပြီဖြစ်။
Add new comment