ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်အတွင်းမှ တရားမဝင် လက်နက်/ခဲယမ်းများအား ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းသို့ သယ်ဆောင်ရန်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းစစ်ဆေးဆောင်ရွက်မှုများကြောင့် ဇူလိုင်လ ၁၂ ရက်တွင် နမ့်စန်မြို့နယ်၊ မတ်ကျန်းကျေးရွာအနီး နားရိုင်းကျေးရွာလမ်းခွဲ၌ မတ်ကျန်း ကျေးရွာဘက်မှ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 2K-7178 VIGO (အနက်ရောင်) ယာဉ်အား စစ်ဆေး ရှာဖွေခဲ့ရာ RCSS/SSA အဖွဲ့မှ စုမှူးအဆင့်ရှိသူ ၁ ဦးနှင့် တပ်သားအဆင့်ရှိသူ ၄ ဦးတို့အား KIA အဖွဲ့မှထုတ်လုပ်သည့် KA (၄၀ မမ တွဲ)၅ လက်၊ ၄၀ မမဆုံလည်(၆ လုံးတွဲ) ၅ လက်၊ ၄၀ မမ ၁ လုံး ထိုး ၅ လက်၊ ၇.၆၂ ကျည် ၄၃,၇၆၅ တောင့်၊ ၄၀ မမ ဗုံးသီး ၄၅၀ လုံး၊ KA ကျည်အိမ် ၁၅ ခု၊ လွယ်ကြိုး ၁၅ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
- ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရမိ လက်နက်/ခဲယမ်းများအား ဇူလိုင်လ ၁၂ ရက်တွင် နားရိုင်းကျေးရွာလမ်းခွဲ၌ PNLA အဖွဲ့ဝင် သထိုထံမှ လက်ခံရယူ၍ PNLA အဖွဲ့နှင့် ချိတ်ဆက်ထားသည့် ကယားပြည်နယ်အတွင်းရှိ KNPP၊ KNDF အဖွဲ့များထံသို့လည်းကောင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၌ လှုပ်ရှားလျက်ရှိသည့် KNLA အဖွဲ့ထံသို့လည်းကောင်း ပို့ဆောင်ပေးရန်အတွက် သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရ။
- KIA လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော PDF အကြမ်းဖက်အဖွဲ့များနှင့် အခြားလက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့များထံသို့ လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများအား ထောက်ပံ့ကူညီခြင်း၊ ရောင်းချပေးခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင်လမ်း၊ တံတား၊ အဆောက်အဦ များအား ဖောက်ခွဲဖျက်ဆီးခြင်းများဆောင်ရွက်ရာတွင် အားပေးကူညီလျက်ရှိကြောင်း ဖော်ထုတ် သိရှိရ။
တာဝန်ရှိသူများက ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုလုပ်ငန်းဆောင်ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက် ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်းနှင့် သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၄)
- နမ့်စန်မြို့နယ်အတွင်းမှ တရားမဝင် လက်နက်/ခဲယမ်းများအား ကယားပြည်နယ်နှင့် ကရင်ပြည် နယ်အတွင်းသို့ သယ်ယူပို့ဆောင်သည့် RCSS/SSA အဖွဲ့မှ စုမှူးအဆင့်ရှိသူ ၁ ဦးနှင့် တပ်သားအဆင့်ရှိသူ ၄ ဦးတို့အား KIA အဖွဲ့မှထုတ်လုပ်သည့် လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ ကျည်မျိုးစုံ ၄၃,၇၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၄၅၀ လုံး၊ ကျည်အိမ်မျိုးစုံ ၁၅ ခု၊ လွယ်ကြိုး ၁၅ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
- KIA လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော PDF အကြမ်းဖက်အဖွဲ့များနှင့် အခြားလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ များထံသို့ လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများအား ထောက်ပံ့ကူညီခြင်း၊ ရောင်းချပေး ခြင်းများ ဆောင်ရွက်လျက်ရှိ။
Add new comment