စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သော မြန်မာကိုယ် စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပမည့် (၁၄) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲတက်ရောက်ရန် မော်စကိုမြို့သို့ ရောက်ရှိစဉ်-
- ဇူလိုင်လ ၇ ရက်တွင် မော်စကိုမြို့လေဆိပ်ဧည့်ခန်းမ၌ National University Of Science and Technology (MISiS) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သံမဏိထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများ လွှဲပြောင်းလက်ခံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
- ဇူလိုင်လ ၈ ရက် နံနက်ပိုင်းတွင် (၁၄) ကြိမ်မြောက် ကုန်စည်ပြပွဲ “အင်နိုပရွန်- ၂၀၂၄” (ပြပွဲပထမရက်)သို့ တက်ရောက်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ဒေသအသီးသီးမှ ခင်းကျင်း ပြသထားသည့် သံနှင့်သံမဏိတူးဖော်ရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ စက်ပစ္စည်းများ၊ သံနှင့် သံမဏိထွက်ကုန်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါရှာဖွေရေး စမ်းသပ် ပစ္စည်းများအပြင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဆေးဝါးကုမ္ပဏီများမှ ခင်းကျင်းပြသ ထားသည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာကိရိယာပစ္စည်းများကို လိုက်လံလေ့လာကြည့်ရှုခဲ့။
- ဇူလိုင်လ ၉ ရက် နံနက်ပိုင်းတွင် ကမ္ဘာ့စီးပွားရေး၏ ကျောရိုးမဏ္ဍိုင်ဖြစ်သော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ကွန်ဖရင့်သို့ တက်ရောက်ပြီး မြန်မာ နိုင်ငံနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများအကြား အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
- ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး မစ္စတာ အန်သွန် အလီဟာနော့ဗ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကြား စက်မှု လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)အား အပြီးသတ်တည် ဆောက်လည်ပတ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့။
- ဇူလိုင်လ ၁၀ ရက်တွင် ဆဗျဲလော့ဗ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၍ အဆင့်မြင့် ပညာရေးနယ်ပယ်၊ ဆေးဝါးထုတ်လုပ်ရေးနယ်ပယ်၊ တစ်ဦးချင်းအရည်အသွေးမြင့်သင်တန်းများ၊ စက်မှုနှင့်ကုန်ထုတ်လုပ်ရေးနယ်ပယ်နှင့် ယဉ်ကျေးမှုဆိုင်ရာနယ်ပယ်၊ အထည်ချုပ်လုပ်ငန်း တို့တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၁၂ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ စက်မှုဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယကုန်သွယ်ရေး ကိုယ်စားလှယ်တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၇-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပမည့် (၁၄) ကြိမ်မြောက် စက်မှုကုန်စည် ပြပွဲတက်ရောက်ရန် မော်စကိုမြို့သို့ ထွက်ခွာခဲ့။
- မြန်မာနိုင်ငံနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများအကြား အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွား ရေးလုပ်ငန်းရှင်များအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
- စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး မစ္စတာ အန်သွန် အလီဟာနော့ဗ်ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကြား စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ အမှတ်(၂) သံမဏိ စက်ရုံ (ပင်းပက်)အား အပြီးသတ်တည်ဆောက်လည်ပတ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့။
Add new comment