ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးနှင့် “မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံ အစည်းအဝေး” သို့ ပါဝင်တက်ရောက်

အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင်လ ၁၁ ရက်က အိန္ဒိယနိုင်ငံ နယူးဒလီမြို့၌ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီး များ၏ သီးသန့်အစည်းအဝေးနှင့် “မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံအစည်းအဝေး” သို့ ပါဝင်တက် ရောက်ခဲ့ပါသည်။

ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း-

  • နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ် များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နိုင်ငံဖြတ်ကျော်ငွေပေးချေရေးစနစ်အပါအဝင် ဒစ်ဂျစ် တယ် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးစသည်တို့တွင် ပူးပေါင်းဆောင်ရွက်သွား ရေး၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေးတို့၏ အရေးကြီးမှုအပေါ် အလေးပေးဆွေးနွေးခဲ့။
  • ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေး အတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် နိုင်ငံတော် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေ အနေများကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကို ရှင်း လင်း ပြောကြားခဲ့ပြီး တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် အတူတကွပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်သွားရေးအပေါ် တိုက်တွန်းပြောကြားခဲ့။

မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံအစည်းအဝေး-

  • နိုင်ငံခြားရေးဝန်ကြီးများသည် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရေး၊ ကုန် သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍစုံ၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ဘင်းမ်စတက်နှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရေးကိစ္စရပ်များ၊ မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံ အမြန်လမ်းအကောင်အထည်ဖော်ရေး ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအပါအဝင် ပေါင်းစည်းဆက်နွှယ်ချိတ်ဆက်မှုလုပ်ငန်းများ၊ နယ် စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ - အိန္ဒိယ - ထိုင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများပေးအပ်ရေးကိစ္စရပ်များ၊ တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက် ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများတိုက်ဖျက်ရေးတို့တွင် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားရေးအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
  • “သုံးနိုင်ငံအစည်းအဝေး” ၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ထည့် သွင်း ရှင်းလင်းပြောကြားခဲ့။

ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၊ ဘူတန်နိုင်ငံခြားရေးနှင့် ပြည်ပကုန်သွယ်ရေးဝန်ကြီး၊ အိန္ဒိယပြည်ပရေးရာဝန်ကြီး၊ နီပေါနိုင်ငံခြားရေး အတွင်းဝန်၊ သီရိလင်္ကာနိုင်ငံခြားရေး ဒုတိယဝန်ကြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ကြပြီး သုံးနိုင်ငံအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များဖြစ်ကြသည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး များလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ၁၁-၇-၂၀၂၄ ရက်မှ ၁၂-၇-၂၀၂၄ ရက်အထိကျင်းပခဲ့သော ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ခဲ့ သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၇-၂၀၂၄)

  •  ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးနှင့် သုံးနိုင်ငံအစည်းအဝေး

နိုင်ငံခြားရေးဝန်ကြီးများသည် ဒေသတွင်းနှင့်ကမ္ဘာ့ရေးရာကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နိုင်ငံဖြတ်ကျော်ငွေပေးချေရေးစနစ်အပါ အဝင် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ - အိန္ဒိယ - ထိုင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်သွားရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရေးကိစ္စရပ်များ ကို ဆွေးနွေးခဲ့။

  • ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးနှင့် သုံးနိုင်ငံအစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့ပြီး တရားမဝင်မူး ယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် အတူတကွပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးအပေါ် တိုက်တွန်း ပြောကြားခဲ့။

Add new comment