ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ကို ဇူလိုင်လ ၁၂ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက နေပြည်တော်ကောင်စီ၊ တိုင်းဒေကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်း ကောက်ယူရာတွင် ဥပဒေပါသတ်မှတ်အသက်မပြည့်မီသူနှင့် အသက်ကျော် လွန်သူများမပါရှိစေရေး၊ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကြပ်စာရင်းသွင်းခြင်းမရှိစေရေး၊ အစားထိုးပေးပို့မှုများ မရှိစေရေး၊ မြေပြင်တွင်ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မသမာမှုများမရှိစေရေးတို့အတွက် အလေးထားကြပ်မတ် ဆောင်ရွက်ကြရန်နှင့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များ တင်ပြမှုနှင့်ပတ်သက်၍လည်း စနစ်တကျစိစစ်ပြီး သတ်မှတ်ချိန်အတွင်း တင်ပြကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အစည်းအဝေးတက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်း နည်းဥပဒေရေးဆွဲရေးနှင့် စံပြုလုပ်ထုံးလုပ်နည်းရေးဆွဲရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည့်သူစစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့မှု အခြေအနေ များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြပါသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက နိဂုံးချုပ်အမှာစကားပြောကြားရာတွင်-
- ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ ဆေးအောင် ပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ သင်တန်းကျောင်းသို့ရောက်ရှိပြီးမှ ခွင့်မဲ့ပျက်ကွက် သူများအတွက် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းအဖြစ် ကိုယ်ပိုင်အမှတ် ရရှိပြီးမှ ခွင့်မဲ့ပျက်ကွက်သူများအတွက် သက်ဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ရန်ဖြစ် ကြောင်း။
- ယခင်ဖွင့်လှစ်ပြီးခဲ့သည့် သင်တန်းများ၏ အားနည်းချက်/ အားသာချက်များအား သုံးသပ်ပြီး နောင်ဖွင့်လှစ်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းများအတွက် သတ်မှတ်လျာထားချက်များ အတိုင်း ပြည့်မီရေး အလေးထားကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့။
အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online မှ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၇-၂၀၂၄)
- ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ ဆေးအောင် ပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ သင်တန်းကျောင်းသို့ရောက်ရှိပြီးမှ ခွင့်မဲ့ပျက်ကွက်သူ များအတွက် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းအဖြစ် ကိုယ်ပိုင်အမှတ်ရရှိပြီးမှ ခွင့်မဲ့ ပျက်ကွက်သူများအတွက် သက်ဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ရန်။
- ယခင်ဖွင့်လှစ်ပြီးခဲ့သည့် သင်တန်းများ၏ အားနည်းချက်/ အားသာချက်များအား သုံးသပ်ပြီး နောင်ဖွင့်လှစ်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းများအတွက် သတ်မှတ်လျာထားချက်များ အတိုင်း ပြည့်မီရေး အလေးထားကြိုးပမ်းဆောင်ရွက်ပေးကြရန်။
Add new comment