၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင်လ ၁၂ ရက်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ နှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများနှင့်အတူ သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို အတူတကွ စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်မိသားစုများ၏ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုး ပွဲတွင် ရတနာတန်းဝင် ကျွန်း ၉၀၀ ပင်၊ မဟော်ဂနီ ၆၀၀ ပင်၊ ပျဉ်းကတိုး ၃၀၀ ပင်၊ ပိတောက် ၆၀၀ ပင် စုစုပေါင်း ၂,၄၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင် စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၀ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၉၈,၈၂၅ ပင် အား စိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။
တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများကျင်းပ၍ ရတနာတန်း ဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုး ကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၉,၀၉၇ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၀,၉၃၅ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၆,၂၇၄ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၁,၈၁၀ ပင်၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၌ ၁၃,၁၄၃ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၁၁,၃၁၃ ပင်၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၌ ၉,၈၄၃ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၅,၂၄၁ ပင်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်၌ ၅,၄၉၀ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၄,၆၄၀ ပင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၌ ၁၂,၆၆၇ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၃၄,၃၁၅ ပင်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၁၅,၃၅၂ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ဇူလိုင်လ ၁၂ ရက်တွင် တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအပါအဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၌ စုစုပေါင်းသစ်ပင် ၁၆၂,၅၂၀ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၇-၂၀၂၄)
- ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုး ပွဲတွင် ရတနာတန်းဝင်ကျွန်း ၉၀၀ ပင်၊ မဟော်ဂနီ ၆၀၀ ပင်၊ ပျဉ်းကတိုး ၃၀၀ ပင်၊ ပိတောက် ၆၀၀ ပင် စုစုပေါင်း ၂,၄၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့။
- ဇူလိုင်လ ၁၂ ရက်တွင် တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအပါအဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၌ စုစုပေါင်း သစ်ပင် ၁၆၂,၅၂၀ ပင်ကို စိုက်ပျိုးခဲ့။
Add new comment